သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သတင်းထောက်အမှု တရားသဖြင့် စစ်ဆေးဖို့ အီရန်သမ္မတ တိုက်တွန်း


အီရန်မှာ အမေရိကန်အတွက် သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ချခံထားရလို့ အယူခံဝင်ဖို့လုပ်နေတဲ့ သတင်းထောက် တယောက်ရဲ့အမှုကို တရားသဖြင့် ဆောင်ရွက်ကြဖို့ အီရန်သမ္မတ မာမွတ် အာမာ ဒီနဂျဒ်က ပြောကြားလိုက်ပါတယ်။ သတင်းထောက် Roxana Sebari ကို အပြည့်အဝ ခုခံပိုင်ခွင့်ပေးရမယ်လို့ သမ္မတရဲ့ရုံးက တဟီရန် ရှေ့နေချုပ်ဆီ စာတစောင် ပို့ခဲ့ပါတယ်။

အမေရိကန်နိုင်ငံအတွက် ထောက်လှမ်းမှုတွေလုပ်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ အသက် ၃၁ နှစ်အရွယ် သတင်းထောက် စေဘာရီ ကို အီရန်တရားရုံးတခုက ထောင်ဒဏ် ၈ နှစ်ချခဲ့ပါတယ်၊ အမေရိကန်နိုင်ငံမှာမွေးပြီး အမေရိကန် နဲ့ အီရန် ၂ နိုင်ငံလုံးရဲ့ နိုင်ငံသားခံယူထားတဲ့ စေဘာရီဟာ ထောင်ဒဏ်အပေါ် အယူခံဝင်မှာဖြစ်တယ်လို့ သူမရဲ ့ရှေ့နေက ပြောပါတယ်။ သတင်းထောက် Sebari ဟာ ထိပ်တန်းလျှို့ဝှက်ချက်တွေကို အမေရိကန်ထောက်လှမ်းရေးဌာနကို သတင်းပို့ပေးနေတယ်လို့ အီရန်တာဝန်ရှိသူတွေက စွပ်စွဲပါတယ်။ ဒီစွပ်စွဲချက်ဟာ လုံးဝ အခြေအမြစ်မရှိဘူးလို့ အမေရိကန်အစိုးရက ပယ်ချပါတယ်။ ခုလို Sebari ကို ထောင်ချတာအပေါ် အမေရိကန်သမ္မတက အလွန်အမင်း စိတ်ပျက်တယ်လို့ အိမ်ဖြူတော်က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG