ဧပြီ ၂၀၊ ၂၀၀၉ - အပျော်ဆိုတာရယ် ငွေကုန်ခံနိုင်ရင် အကောင်းဆုံးပဲ ဆိုတဲ့သီချင်းကို
သောတရှင်တို့ အမှတ်ရကြမှာပါ။ အခုခေတ်မှာတော့ ဒီသီချင်းက ပိုမှန်နေပြီလို့တောင်
ဆိုရပါမယ်။
အကြောင်းကတော့ ပြီးခဲ့တဲ့အတာသင်္ကြန်ကာလ အခြေအနေတွေကြောင့်
ပါပဲ။
ရန်ကုန်မြို့ခံ စီးပွားရေးသမားတဦးက
သင်္ကြန်ပွဲကတော့ အခြေခံကကို မမျှမတဖြစ်နေ
တာပါ၊ ငွေရှိတဲ့လူတွေအတွက်သက်သက်ပဲ ဖြစ်နေတယ်လို့ပြောတာကို
International
Herald Tribune သတင်းဌာနရဲ့ ရန်ကုန်မြို့ကလာတဲ့ သတင်းဆောင်းပါးတပုဒ်မှာ
ကိုးကားရေးသားထားတာ ဖတ်လိုက်ရပါတယ်။
သူပြောမယ်ဆိုလည်း ပြောစရာပါပဲ။ ရန်ကုန်သင်္ကြန်ဆိုတာက အင်းလျားလမ်း၊
ကမ္ဘာ
အေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ မြို့လယ်ခေါင်နေရာတချို့နဲ့ ရန်ကုန်မြို့
တော်ဝန်ရုံးတို့လောက်မှာ
သင်္ကြန်ကျနေတာပါ။ ကျန်တဲ့နေရာအများစုမှာကတော့
ခြောက်တီး ခြောက်ချက်၊ ခွက်စုတ်နဲ့ပက်တာလောက်ပဲရှိပြီး
တချို့နေရာတွေဆိုရင်
သင်္ကြန်ဆိုတာ သူတို့နဲ့မဆိုင်သလိုကို ဖြစ်နေခဲ့တာပါ။
သင်္ကြန်ကျတဲ့နေရာတွေက မဏ္ဍပ်တွေမှာ ရေပက်ဖို့ဆိုတာက ငွေအတော်သုံးနိုင်မှဖြစ်
တာပါ။
မဏ္ဍပ်ဆောက်ရတဲ့လူတွေအတွက်ကလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။
ပါမစ်ရဖို့အတွက်လျှောက်ရပါတယ်။
တချို့ကတော့ ပါမစ်လျှောက်ပြီး ကိုယ်တိုင်
မဆောက်ဘဲ ပြန်ရောင်းစားပါတယ်။ မဏ္ဍပ်ဆောက်ခွင့်ရပြီဆိုရင်တော့
ကျပ်ငွေ သိန်း
ရာနဲ့ချီ အကုန်အကျခံပြီး ဆောက်ကြရပါတယ်။
သင်္ကြန်နဲ့ပတ်သက်ရင် လူတွေပိုရင်ခုန်တတ်ကြတဲ့ မန္တလေးသင်္ကြန်ရဲ့မဏ္ဍပ်စရိတ်ကလဲ
ရန်ကုန်နဲ့ မတိမ်းမယိမ်းပါပဲ။
ဒီလောက်ငွေတွေအကုန်အကျခံပြီး ဆောက်တယ်ဆိုကတည်းက အကျိုးအမြတ်
အနည်း
နဲ့အများမျှော်ကိုးပြီး လုပ်တယ်ဆိုတာကတော့ ထင်ရှားပါတယ်။ ဆိုတော့ ဒီကုန်ကျထား
တဲ့ငွေတွေကို
ဘယ်လိုနည်းလမ်းနဲ့ ပြန်ရအောင် လုပ်ကြပါသလဲ။
မဏ္ဍပ်တွေအတွက် ငွေပြန်ဝင်နိုင်တဲ့ အရင်းအမြစ်က
နှစ်ခုရှိပါတယ်။ တခုကတော့
စီးပွားရေးလုပ်ငန်းတွေရဲ့ ကြော်ညာဘုတ်ကြီးတွေ ချိတ်ဆွဲရာကရပြီး
နောက်တခုက
တော့ ရေကစားသူတွေဆီကနေ ရပါတယ်။
ဒီအစီအစဉ်အတွက် စုံစမ်း မေးမြန်းခဲ့ရာမှာ ရန်ကုန်-မန္တလေး
မဏ္ဍပ်အများစု ဒီနှစ်
တွက်ခြေမကိုက်ကြဘူးလို့သိရပါတယ်။ အခု မေးထားတဲ့ ရန်ကုန်မဏ္ဍပ်သမားနှစ်ဦးထဲ
မှာတဦးက သူတို့တော့ အခြေအနေသိပ်မဆိုးဘူးလို့ ပြောပါတယ်။ မန္တလေးမှာကတော့
ဒီနှစ် မဏ္ဍပ်အရေအတွက်နည်းသလို
အခြေအနေမကောင်းကြဘူးလို့ပြောပါတယ်။
ရေကစားသူအရေအတွက်ကတော့ သူ့နှစ်နဲ့ သူ့ပေါက်ဈေးအလျောက်
လျော့မသွားပါ
ဘူး။ ရေကစားခွင့်လက်မှတ်တန်ကြေးက ရန်ကုန်နဲ့မန္တလေး သိပ်မကွာလှပါဘူး။ ရက်
အားလုံးကစားမယ်ဆိုရင် ၃၀,၀၀၀၊ ၃၅,၀၀၀၊ တရက်ချင်းဆိုရင် တရက်ကို ၁၀,၀၀၀
နဲ့ အတက်နေ့အတွက်ကတော့ ၁၅,၀၀၀ လောက်ပေးရပါတယ်။
ဒါပေမယ့် နောက်ပိုင်း
တော့ အပြိုင်အဆိုင် များလာတာကြောင့် ရက်အားလုံးအတွက် ၃၀,၀၀၀ အောက်ထိ
ဈေးကျသွားခဲ့တယ်လို့ ရန်ကုန်မဏ္ဍပ်သမားက ပြောပြပါတယ်။
အမြတ်အစွန်းရဖို့ အဓိကအားထားရတဲ့ နည်းလမ်းနှစ်ခုထဲမှာ ဒီနှစ်
နည်းသွားတာ
ကတော့ စီးပွားရေးလုပ်ငန်းတွေရဲ့ ကြော်ညာပါပဲ။ ရန်ကုန်ရော မန္တလေးပါ မဏ္ဍပ်တွေ
ကြော်ညာသိပ်မရကြပါဘူး။ ဘာ့ကြောင့် ဒီနှစ် ကြော်ညာအရ နည်းကြတာလဲဆိုတာကို
စူးစမ်းကြည့်တော့
ရန်ကုန်ကလူနဲ့ မန္တလေးကလူပြောတာနှစ်ခု တိုင်ပင်မထားဘဲ သွား
ဆင်တူနေတာကို တွေ့ရပါတယ်။
သူတို့ပြောခဲ့တာတွေရော တခြား မေးမြန်းစူးစမ်းကြည့်တာတွေရောအရဆိုရင်
သင်္ကြန်
ပွဲတော်တခုလုံးမှာ အသုံးပြုခဲ့တဲ့ငွေဟာ ကျပ် သိန်း ၃,၀၀၀ ကနေ ၅,၀၀၀ ကြားတော့
အသာလေးရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို
ပျှမ်းမျှခြင်း
တဒေါ်လာ ကျပ် ၁,၀၀၀ ထားပြီး တွက်ကြည့်လိုက်မယ်ဆိုရင် ဒေါ်လာ
၃၀၀,၀၀၀ ကနေ ၅၀၀,၀၀၀ ရှိပါ
တယ်။
အခုလို စီးပွားရေးထိုင်းမှိုင်းပြီး ဆုတ်နေတဲ့ကာလမျိုးမှာ
လည်ပတ်ငွေတွေ ထွက်လာ
တာကတော့ ကောင်းတဲ့အချက်လို့ ပြောရမှာပါပဲ။ ဥပမာ - မဏ္ဍပ်ဆောက်တော့
ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အလုပ်သမားတွေ ဝင်ငွေရ၊ သူတို့ကငွေဝင်တော့ ပြန်
သုံးနိုင်၊
အဲဒီလိုနည်းနဲ့ နိုင်ငံတနိုင်ငံမှာ ငွေကြေးလည်ပတ်စီးဆင်းရတာပါ၊ စီးပွားရေး
လုပ်ငန်း တခုနဲ့တခု ချိတ်ဆက်နေကြရတာပါ။
ဒါပေမယ့်လည်း ငွေဆိုတာက နည်းလမ်းမှန်မှန်နဲ့ အဝင်မှန် အထွက်မှန်
ပုံမှန်ဖြစ်နေဖို့
လိုပါတယ်။ ငွေဝင်တဲ့နည်းတွေက မမှန်၊ ပြန်ထွက်တဲ့အခါကျတော့လည်း ဖြန့်ဝေပုံ၊
တနည်းအားဖြင့် လူအမျိုးမျိုးဆီ ငွေပြန့်နှံ့ရောက်သွားပုံက ပုံမမှန်ရင်တော့ လည်ပတ်တဲ့
ငွေရဲ့ အကျိုးကျေးဇူးကို လူတွေ ခံစားကြရမှာမဟုတ်ပါဘူး။ ဒီလိုဆိုရင်တော့ အစပိုင်း
မှာပြောခဲ့တဲ့
ရန်ကုန်စီးပွားရေးသမားရဲ့ စကားလို သင်္ကြန်ပွဲဟာ ငွေရှိသူတွေအတွက်ပဲ
ဖြစ်နေတာမို့ မမျှတတော့ပါဘူးဆိုတာ
ပိုမှန်နေလေမလားရယ်လို့ စဉ်းစားမိပါကြောင်းပါ။