မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးကာလအတွင်း သေဆုံးခဲ့တဲ့ ဂျပန်နိုင်ငံသား ဓါတ်ပုံသတင်းထောက် ခန်းဂျီ နာဂါ့အိ (Kenji Nagai) သေဆုံးခဲ့တာကို ရိုက်ကူးထားတဲ့ ၂၀၀၈ ခုနှစ် ပူလီဇာဆု (Pulitzer Prize) ဓါတ်ပုံဆုရ ဓါတ်ပုံကားချပ်ကြီးကို အမေရိကန် ဝါရှင်တန်ဒီစီမြို့တော် (Washington DC) က နယူစ်ဇီယမ် (Newseum) သတင်းပြတိုက်ကြီးမှာ ချိတ်ဆွဲပြသထားပါတယ်။ ဓါတ်ပုံကားချပ်ကြီး ပြသထားတဲ့ ပြခန်းဆီမှ ဗွီအိုအေမြန်မာပိုင်းမှ ကိုကျော်ကျော်သိန်း က ရှင်းလင်းတင်ပြထားပါတယ်။