သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ခေါင်းဆောင်မိန့်ခွန်း ကုလ အတွင်းရေးမှူးချုပ် ပြစ်တင်ဝေဖန်


လူမျိုးခွဲခြားဆက်ဆံမှုဆိုင်ရာ ကုလသမဂ္ဂ ညီလာခံမှာ အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) က အစ္စရေးလ်နိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်တဲ့အတွက် အနောက်တိုင်းကိုယ်စားလှယ် အများအပြား ညီလာခံထဲက ထွက်ခွာသွားကြပါတယ်။

၁၉၄၈ ခုနှစ်က အစ္စရေးလ်နိုင်ငံကို တည်ထောင်မှုနဲ့ ပတ်သက်ပြီး အီရန်သမ္မတရဲ့ ပြစ်တင်ဝေဖန်မှုကြောင့် အီးယူ ဥရောပ သမဂ္ဂ ၂၃ နိုင်ငံက ကိုယ်စားလှယ်များ ဂျနီဗာမှာ ကျင်းပနေတဲ့ အဲဒီညီလာခံထဲက ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။

အရက်စက်ဆုံး၊ အဖိနှိပ်ဆုံး၊ အခွဲခြားဆုံးနိုင်ငံကို ဂျူးတွေခံစားခဲ့ရတယ်ဆိုတဲ့အပေါ် အကြောင်းပြုပြီး ထူထောင်ခဲ့တယ်လို့ အစ္စရေးလ်နဲ့ပတ်သက်ပြီး အီရန်သမ္မတက ပြောဆိုသွားပါတယ်။

အဲဒီလိုပြောဆိုချက်ဟာ ဂျူးဆန့်ကျင်ရေးဖြစ်တယ်၊ မုန်းတီးမှုကို ဖြစ်ပွားစေတယ်လို့ ဆိုပြီး အနောက်တိုင်းသံတမန်များက ဒေါသတကြီးနဲ့ ပြောဆိုကြပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း အီရန်သမ္မတရဲ့ စွပ်စွဲချက်များကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။

အီရန်သမ္မတ မိန့်ခွန်းစကား ပြောကြားစဉ် ကန့်ကွက်သံများကြောင့် မိန့်ခွန်း မကြာခဏ ပြတ်တောက်သွားပြီး ရုပ်ပြောင် ရောင်စုံများနဲ့ ကန့်ကွက်သူများကိုလည်း လုံခြုံရေးတာဝန်ခံများက ညီလာခံခန်းမထဲက ဆွဲထုတ်သွားရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG