သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပသမဂ္ဂအကူအညီ တိုးပေးရေး စစ်အစိုးရနဲ့ တရားဝင်ဆွေးနွေးဖို့ မဖြစ်နိုင်


မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဆောင်သေးသရွေ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို အကူအညီပေးဖို့ တရားဝင်ဆွေးနွေးပွဲတွေ ဖြစ်နိုင်မယ့်အလားအလာ မရှိဘူးလို့ ဥရောပသမဂ္ဂရဲ့ အကူအညီပေးရေးဆိုင်ရာ ရုံး အကြီးအကဲက ပြောလိုက်ပါတယ်။

ဥရောပနိုင်ငံတွေက မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာ အစိုးရဟာ ကျန်တဲ့ကမ္ဘာနဲ့ ခပ်ကင်းကင်းနေဖို့ ရည်ရွယ်ခဲ့တယ်လို့ ဥရောပ ကော်မရှင် ရဲ့ ဥရောပ အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုအဖွဲ့ ညွှန်ကြားရေးမှူး
ကူးစ် ရစ်ချဲလ် (Koos Richelle) က ပြောလိုက်တာပါ။

ဥရောပကော်မရှင်က အကူအညီတွေ ပိုပေးဖို့ အဆင်သင့်ဖြစ်နေပေမဲ့ လိုအပ်တဲ့ ဖွံ့ဖြိုး
တိုးတက်ရေး အကူအညီတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဟာ အလှူရှင်နိုင်ငံတွေနဲ့
ဆွေးနွေးပြောဆိုရမယ်လို့ သူကပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ နှစ်ရက်ကြာ ကျင်းပတဲ့ အာရှ-ဥရောပ ASEM အစည်း
အဝေး အဆုံးနေ့မှာ ကူးစ် ရစ်ချဲလ်က အဲဒီလိုပြောတာပါ။ မိမိတို့က မြန်မာအစိုးရကို
ဖိအားပေးနေတာ မဟုတ်ကြောင်း၊ မိမိတို့က ပုံမှန်ဆက်သွယ်ရေးလို့ သတ်မှတ်တာကို မြန်မာအစိုးရက ဖွင့်မပေးတာသာ ဖြစ်ကြောင်း သူက ဆိုပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကို မိမိတို့က စပြီးပေးဖို့ မဖြစ်နိုင်တဲ့အကြောင်း၊ ဘာ့ကြောင့်လဲဆိုတော့ မိမိတို့ဟာ ငွေထုပ်ကို ခြံစည်းရိုးပေါ်ကကျော်ပြီး ပစ်ချပေးလို့ ရတဲ့ ငွေထုတ်စက် မဟုတ်တဲ့အကြောင်း သူက ပြောခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG