သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်မှတ်ပေါင်း ၂၅၀,၀၀၀ ကျော်ရရှိ


မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စုပေါင်းတောင်းဆိုတဲ့ လက်မှတ်တွေ စုစည်းကောက်ခံနေတာ လက်မှတ်ပေါင်း ၂၅၀,၀၀၀ ကျော် ရသွားပြီလို့ လက်မှတ်ကောက်ယူတဲ့ လှုပ်ရှားမှုကို နိုင်ငံတကာ မှာ လှုံ့ဆော်လုပ်ဆောင်နေကြတဲ့ အဖွဲ့တွေက အင်္ဂါနေ့မှာ ကြေညာပါတယ်။

ဒီလက်မှတ်ကောက်ယူတဲ့ လှုပ်ရှားမှုကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့လို့ သတ်မှတ်ထားတဲ့ မတ်လ ၁၃ ရက်နေ့က စတင် ခဲ့ကြတာပါ။ ၂၀၀၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့မတိုင်ခင် လက်မှတ်ပေါင်း ၈၈၈,၈၈၈ ခုရအောင် စုဆောင်းကောက်ယူမယ်လို့
ရည်ရွယ်ထားကြပါတယ်။

အကျဉ်းကျခံနေရသူတွေကို မေ့မထားပါဘူးဆိုတာ ပြသကြရမယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီ ဝီလျံမ်စ် (Jody Williams) က ပြောပါတယ်။ မိမိတို့ရဲ့မိတ်ဆွေ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လွတ်မြောက်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးရဲ့ သူရဲကောင်းတွေအဖြစ် ဂုဏ်ပြုပြီး သူတို့ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုကြဖို့ ဂျိုဒီ ဝီလျံမ်စ်က တိုက်တွန်းထားပါတယ်။

www.fbppn.net ဆိုတဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့ လက်မှတ်ရေးထိုး တောင်းဆိုချက်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ မြန်မာ့နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို သူကိုယ်တိုင်ရဲ့ အဓိက ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်လုပ်ဆောင်ဖို့ ဖော်ပြ တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG