အမေရိကန် ကုန်တင်သင်္ဘောကို ဆိုမာလီယာ ကမ်းရိုးတန်းမှာ ပြန်ပေးဆွဲဖို့ ကြိုးစား
ခဲ့တဲ့ အုပ်စုထဲမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဆိုမာလီ ဆယ်ကျော်သက်တယောက်ကို
လူကြီးတယောက်လိုပဲ တရားစွဲဆိုလိုက်ပါတယ်။
အင်္ဂါနေ့က တံခါးပိတ် ကြားနာရာမှာ
အဘ်ဒီဝါလီ အဘ်ဒီကာဒါ မုစ် (Abdiwali
Abdiqadir Muse) ဟာ အသက် ၁၅ နှစ်အရွယ်
လူငယ်သာဖြစ်တယ်ဆိုတဲ့ လျှောက်ထားချက်
ကို နယူးယောက်ခ်မြို့မှာ အမေရိကန်
ဖက်ဒရယ်တရားသူကြီးက ပယ်ချလိုက်ပါတယ်။
လူကြီးလို့ ဆုံးဖြတ်တဲ့အတွက်ကြောင့် တရား
စစ်ဆေးပုံကို အများပြည်သူသိအောင်
ထုတ်ပြန်ရမယ်လို့ အဓိပ္ပာယ်ရပါတယ်။
မုစ်ကိုယ်တိုင်နဲ့ ဆိုမာလီမှာရှိတဲ့ သူ့အဖေတို့က
အသက်အရွယ်နဲ့ ပတ်သက်ပြီး ပြောဆိုချက်
တွေ ကွဲလွဲနေပါတယ်။ မုစ်က သူ့အသက်
၁၈ နှစ်လို့ ပြောပါတယ်။
မုစ်ဟာ အမေရိကန်မှာ ရာစုတစုအတွင်း ဓားပြမှုနဲ့ စွဲဆိုခံရတဲ့ ပထမဆုံးသောသူ
ဖြစ်ပါတယ်။ အပြစ်ရှိရင် တသက်တကျွန်း ကျနိုင်ပါတယ်။
ဧပြီလ ၈ ရက်နေ့က မာ့စ်က် အလာဘားမား (Maersk Alabama) ကို သိမ်းဖို့
ကြိုးစားမှုနဲ့ ဆက်နွယ်ပြီး သူ့ကို တရားစွဲဆိုထားတာပါ။ သင်္ဘောသားတွေနဲ့ ပစ်ခတ်
မှုတွေ ဖြစ်ပွားရာမှာ သူ ဒဏ်ရာရရှိခဲ့ပါတယ်။
သင်္ဘောမာလိန်မှူးကို အသက်ကယ်လှေမှာ ပြန်ပေးအဖြစ် ဖမ်းဆီးထားတုန်း အခြား
ပင်လယ်ဓားပြ ၃ ယောက်ကို အမေရိကန်ရေတပ်က လက်ဖြောင့်သေနတ်သမား
တွေက ပစ်ခတ်မသတ်ဖြတ်မီမှာ မုစ်ကို အမေရိကန် ရေတပ်သင်္ဘောဆီကို ဖမ်းဆီး
ခဲ့ကြပါတယ်။