သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ပိုဆိုးနိုင် IMF သတိပေး


ကမ္ဘာ့စီးပွားရေးကျဆင်းမှုဟာ အရင်က ထင်ထားတာထက် ပိုမိုနက်ရှိုင်း၊ ပိုမို ကြာမြင့်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းကို ထိသွား လိမ့်မယ်လို့ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့က သတိပေးလိုက်ပါတယ်။ IMFရဲ့ နှစ်လည် ကမ္ဘာ့စီးပွားရေး သုံးသပ် ရှုမြင်မှု အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ၁၉၃၀ခုနှစ်များက ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်မှုရဲ့နောက်ပိုင်း အခုလက်ရှိ ကျဆင်းမှုဟာ အဆိုးရွားဆုံးဖြစ်ပြီး ဒီနှစ် ကမ္ဘာ့စီးပွားရေးဟာ ၁.၃ ရာခိုင်နှုန်းထိ ကျဆင်းလိမ့်မယ်လို့လည်း ခန့်မှန်း ထားပါတယ်။ အနှစ် ၆၀ ကျော် ကာလအတွင်း ကမ္ဘာ့ စီးပွားရေး အကြီးအကျယ် ကျဆင်းလိမ့်မယ်လို့ IMF ပါရဂူများက အံ့သြ သွားကြရပြီး လွန်ခဲ့တဲ့ ၃လတွင်းမှာတောင် ဒီနှစ်ထဲမှာ တိုးတက်မှု အနည်းငယ် ရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ ၂၀၁၀ခုနှစ် အထိ နည်းနည်းလေးမှ တက်လာနိုင်ဖွယ် မရှိသေးဘူး။ စီးပွားရေး ပြန်လည် နာလန်ထူရေးဟာ ပျက်ယွင်းနေတဲ့ ဘဏ်စနစ် များပေါ် မူတည်နေတယ်လို့ IMF စီးပွားရေးမှူးချုပ် အိုလီဗီရာ ဘလန်ချတ်(Oliviier Blanchard) က ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG