သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် အသေခံဗုံး ၇၅ ယောက် သေဆုံး


အီရတ်နိုင်ငံမှာ ကြာသပတေးနေ့က အသေခံ ဗုံးဖောက်ခွဲမှုများကြောင့် လူ ၇၅ ယောက်ထက်မနည်း သေဆုံးသွားလို့ တနှစ်ကျော်ကာလအတွင်း တနေ့တည်း အများဆုံး သေကြတဲ့ဦးရေလို့ ဆိုပါတယ်။

၂၀၀၅ ခုနှစ်ကစပြီး ဆူပူမှုကြောင့် သေဆုံးကြတဲ့ အီရတ်တွေ ၈၇,၀၀၀ ကျော်သွားပြီလို့ အစိုးရက ရေတွက်ကြောင်း အမည် မဖော်လိုတဲ့ အစိုးရတာဝန်ခံတဦးကို ကိုးကားပြီး အေပီသတင်းအေဂျင်စီက ဖော်ပြပြီး နောက်တနေ့မှာ အဲဒီ အသေခံ ဗုံး ဖောက်ခွဲ တိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုတခုက ဒီယာလာခရိုင် စားသောက်ဆိုင်ထဲမှာ ဖြစ်ပွားပြီး သေဆုံးသူ ၄၇ ယောက်ထဲက အများစုက အီရန်နိုင်ငံက ရှီယိုက်ဘုရားဖူးတွေ ဖြစ်ကြတယ်လို့ အီရတ်ရဲက ဆိုပါတယ်။

နောက်ပေါက်ကွဲမှုတခုက ဘဂ္ဂဒက်မြို့တော်မှာ အခြေမဲ့မိသားစုများကို ရဲက ထောက်ပံ့ရေးပစ္စည်းများပေးနေစဉ် ဖြစ်ပွားပြီး လူ ၂၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ကြာသပတေးနေ့မှာပဲ ထိပ်တန်း ဆွန်နီသူပုန် အဘူ အိုမာ အယ်လ်-ဘာ့ဂ်ဒါဒီ (Abu Omar al-Baghdadi) ကို ဖမ်းမိလိုက် ကြောင်း အစိုးရက ကြေညာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG