သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ကျည်ဆံဖြင့် ထိုင်းဆန္ဒပြခေါင်းဆောင်ကို လုပ်ကြံ


ထိုင်းနိုင်ငံမှာ အဝါရောင်ကန့်ကွက်မှုဆိုတဲ့ လှုပ်ရှားမှုကို တည်ထောင်ခဲ့သူ ခေါင်းဆောင်ကို အရင်သီတင်းပတ်က လုပ်ကြံဖို့ ကြိုးပမ်းတဲ့နေရာမှာ စစ်တပ်ရဲ့ကျည်ဆန်များကို အသုံးပြုခဲ့ကြောင်း ထိုင်းစစ်ဘက်က အသိအမှတ် ပြုလိုက်ပါပြီ။

သောကြာနေ့က ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ ကျည်ဆန် ၃ တောင့်ဟာ ပထမစစ်ဒေသက အမှတ် ၉ ခြေမြန်တပ်ရင်းကို ထုတ်ပေးခဲ့တဲ့ ကျည်ဆန်တွေဖြစ်ကြောင်း၊ လေ့ကျင့်ဖို့ ထုတ်ပေးထားတဲ့ ကျည်ဆန်များဖြစ်ကြောင်း၊ အဲဒီကျည်ဆန်တွေ ဘယ်လို အဲဒီကို ရောက်သွားတယ်ဆိုတာ ဆက်လက်စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို အရေးယူ အပြစ်ပေးသွားမှာ ဖြစ်ကြောင်းစသဖြင့် ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အနုပွန်ပေါင်ချင်ဒါ (General Anupong Paochinda) က ကြာသပတေး နေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်တပ် ပါဝင်ပတ်သက်ကြောင်း ခန့်မှန်းပြောဆိုသံများ တနိုင်ငံလုံးမှာ ထွက်ပေါ်နေခဲ့ပြီး ဘန်ကောက်ပို့စ် သတင်းစာကြီးကလည်း အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့ အချိန်မျိုးမှာ ယူနီဖောင်းဝတ်သူများ၊ အင်အားကြီး နိုင်ငံရေး
အကာအကွယ် ရှိသူများသာလျှင် ဒီလိုပစ်ခတ်နိုင်မှာဖြစ်တယ်လို့ ဝေဖန်ရေးသားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG