သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရရွေးကောက်ပွဲ နဲ့ အန်အယ်ဒီ သဘောထား


စစ်အစိုးရ သတ်မှတ်စီစဉ်ထားသည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ့်အချိန်ကာလ တနေ့တခြား နီးကပ်လာနေပါပြီ။ လက်ရှိ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy - NLD) က စစ်အစိုးရကို (၁) နိုင်ငံရေးအကျဉ်းသမားများကို ခြွင်းချက်မရှိ လွတ်ပေးရန် (၂)။ အမျိုးသားညီလာခံမှ ရေးဆွဲလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီတခု ဖွဲ့စည်းပေးရန်။ (၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ နဲ့ စစ်အစိုးရခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန်။ (၄) နောက်ပိုင်းမှာ တိုင်းရင်းသားအင်အားစုများကိုပါ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခွင့်ပေးရန် စတဲ့ တောင်းဆိုချက်များကို ထုတ်ပြန်တောင်းဆိုထားပါတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တင်ပြတောင်းဆိုထားတဲ့အချက်များကို ယနေ့အချိန်ထိ စစ်အစိုးရက တစုံတရာ လိုက်လျောမယ့် အရိပ်အရောင်၊ တုံ့ပြန်ခြင်းမရှိသေးပါဘူး။ တဖက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တောင်းဆိုထားချက်များကို ပြောင်းလဲပေးမယ့် အရိပ်အရောင် လုံးဝမရှိသေးပါဘူးလို့ သုံးသပ်ကြပါတယ်။

စစ်အစိုးရရွေးကောက်ပွဲအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်၊ လုပ်ငန်းစဉ်၊ ဆုံးဖြတ်ချက် သဘောထား တို့ကို ပိုမိုသိရှိနိုင်ဖို့ ဦးကျော်ဇံသာ က အိန္ဒိယနိုင်ငံအခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma - NCGUB) ဝန်ကြီး ဒေါက်တာတင့်ဆွေ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုမြင့်စိုး တို့ကို ဆက်သွယ် ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG