သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်တုပ်ကွေး သတိပေးအဆင့် ၅ WHO တိုးမြှင့်


ဝက်တုပ်ကွေးရောဂါ အကြီးအကျယ် ပျံ့နှံ့နိုင်တဲ့အဆင့်ကို WHO (World Health Organization) က မြှင့်တင်လိုက်ပါပြီ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် ညွှန်ကြားရေးမှူးချုပ် မာဂရက် ချမ်း (Margaret Chan) က သတိပေးချက် အဆင့် ၅ သို့ မြှင့်တင်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့ က ဂျနီဗာမှာ ကြေညာလိုက်ပြီး နိုင်ငံ အားလုံး အဲဒီ နှုန်းထားနဲ့ ပြင်ဆင်ထားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ပထ၀ီ ဒေသတလျှောက် လူတွေအကြား မြင့်မားကျယ်ပြန့်စွာ ကူစက်နိုင်တယ်လို့ WHO က ဆိုပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ၀က်တုပ်ကွေးရောဂါကြောင့် လူ ၁၅၉ ယောက် သေဆုံးပြီး လူ ၂၅၀၀ ယောက်လောက် ၀က်တုပ်ကွေး ရောဂါ ဖြစ်နေကြပါတယ်။

အမေရိကန်နိုင်ငံ ပြည်နယ် ၁၀ ခုမှာ ၀က်တုပ်ကွေးရောဂါ ဖြစ်သူ ၉၁ ယောက် ရှိကြောင်း ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာနက ကြေညာပြီး မိန်းပြည်နယ် (Maine) က လာတဲ့ သတင်းတရပ်က ရောဂါဖြစ်သူ ၃ ယောက် တွေ့ ရှိလို့ အခုအခါ ပြည်နယ် ၁၁ ခုမှာ ရောဂါဖြစ်သူ ၉၄ ယောက် ရှိသွားပါပြီ။ အသက် ၂၃ လသား တယောက် ကတော့ ၀က်တုပ်ကွေး ရောဂါနဲ့ တက္ကဆက် ပြည်နယ်မှာ သေဆုံးသွားပါပြီ။ ၀က်တုပ်ကွေးရောဂါ ဖြစ်နေကြ တဲ့ အထဲမှာ သြစတေးလျ၊ ဗြိတန်၊ ကနေဒါ၊ ကိုစတာရီကာ၊ ဂျာမနီ၊ အစ္စရေး၊ စပိန်နဲ့ နယူဇီလန် နိုင်ငံတို့ ပါဝင် ပါတယ်။ သြစတေးလျ၊ ကိုလံဘီယာ၊ ပြင်သစ်၊ ဒိန်းမတ်နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာတော့ ဖျားနေကြလို့ ၀က်တုပ်ကွေး ဟုတ်မဟုတ် စူးစမ်းနေဆဲ ဖြစ်ပါတယ်။ ၀က်တုပ်ကွေးရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေးကို အတက်နိုင်ဆုံး ကြိုးစားနေပါတယ်လို့ သမ္မတ အိုဘားမားက ကြေညာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG