သမ္မတအဖြစ် ရုံးထိုင်တာ ရက် ၁၀၀ ပြည့်တဲ့နေ့မှာ ဘရက်ခ် အိုဘားမား (Barack Obama) က တိုင်းပြည် တိုးတက်လာတာ တွေ့လို့ ၀မ်းသာ နေရပေမဲ့ နားနေမှာ မဟုတ်ဘူးလို့ မစ်ဆူရီ (Missouri ) ပြည်နယ် စိန့်လူးဝစ် (St. Louis) ဆင်ခြေဖုံး မြို့မှာ လူထုနဲ့ တွေ့ဆုံရင်း ဗုဒ္ဓဟူး နေ့က ပြောဆိုသွားပါတယ်။ နိုင်ငံ ကောင်းမွန်လာရေးအတွက် အမေရိကန်တွေ ကျရာအလုပ်နဲ့ လုပ်ကိုင် နေကြရ တယ်။ ဒါပေမဲ့ အမေရိကန်မှာ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရဆဲလို့ သမ္မ အိုးဘားမားက သတိပေးလိုက်ပါတယ်။ ပရိတ်သတ်ထဲက မေးတဲ့မေးခွန်းတွေကို ပြန်လည် ဖြေကြားပြီးတဲ့နောက် အမေရိကန် နိုင်ငံသို့ ရုပ်သံလွှင့်ကနေ မိန့်ခွန်းပြောကြားဖို့ သမ္မတ အိုဘားမား ၀ါရှင်တန်မြို့က အိမ်ဖြူတော်ကို ပြန်လည် ထွက်ခွာသွားပါတယ်။