သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်တုပ်ကွေးကြောင့် မက္ကဆီကိုမှာ ရုံးတွေ ကျောင်းတွေ ပိတ်


မက္ကဆီကိုနိုင်ငံမှာ H1N1 ဝက်တုပ်ကွေးရောဂါပိုး ဆက်လက်မပြန့်ပွားရေး ထိန်းချုပ်ဖို့
ကြိုးပမ်းတဲ့အနေနဲ့ မဖွင့်မဖြစ်မဟုတ်တဲ့ အစိုးရုံးများ၊ စီးပွားရေးလုပ်ငန်းများ ၅ ရက်
ပိတ်ထားလိုက်ပါပြီ။

ဝက်တုပ်ကွေးရောဂါပိုး ပျံ့နှံ့မှု ကန့်သတ်နိုင်ရေးအတွက် လူအများ သောကြာနေ့ကစပြီး
အိမ်တွေထဲမှာ နေကြပါလို့ မက္ကဆီကိုသမ္မတ ဖိလစ်ပ် ကယ်လ်ဒါရွန် (Felipe Calderon)
က တိုက်တွန်းလိုက်ပါတယ်။

ကျောင်းများ၊ စီးပွားရေးလုပ်ငန်းများနဲ့ မဖွင့်မဖြစ်မဟုတ်တဲ့ အစိုးရရုံးများကိုလည်း
အင်္ဂါနေ့အထိ ပိတ်ထားပါလိမ့်မယ်။ မက္ကဆီကိုနိုင်ငံမှာ ကြာသပတေးနေ့က နောက်ထပ်
ဝက်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၆၀ ထပ်ရှိလာပြီး ၁၂ ယောက် သေဆုံးသွားပါတယ်။

မက္ကဆီကိုနိုင်ငံက စတင်လိုက်တဲ့ အဲဒီ ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုဟာ တခြား
၁၀ နိုင်ငံထက်မနည်းကို ကူးစက်ပျံ့နှံ့သွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က
ကြေညာပါတယ်။

အမေရိကန်နိုင်ငံမှာ ရောဂါဖြစ်သူ ၁၀၉ ယောက်ရှိပြီး တက္ကဆက်ပြည်နယ်ကို အလည်
ရောက်နေတဲ့ မက္ကဆီကိုမိသားစုထဲက အသက် ၂၃ လအရွယ်ရှိတဲ့ ကလေးငယ်
တယောက် သေဆုံးသွားကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက
အတည်ပြု ကြေညာပါတယ်။ မက္ကဆီကိုနိုင်ငံပြင်ပမှာ ပထမဆုံး ဝက်တုပ်ကွေးရောဂါနဲ့
သေဆုံးသူဖြစ်ပါတယ်။

ကမ္ဘာတဝန်း ပျံ့နှံ့မယ့်အခြေအနေ မရောက်သေးပေမယ့် ဝက်တုပ်ကွေးရောဂါပိုးကို
အရေးတကြီး ကာကွယ် တိုက်ထုတ်ကြပါလို့ နိုင်ငံအားလုံးကို WHO က တိုက်တွန်း
ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG