သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံ စာရင်းဝင်


နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့တခုက မြန်မာနိုင်ငံဟာ ဘလော့ဂါသမားတွေအတွက် အဆိုးရွားဆုံးနိုင်ငံတခု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

မြန်မာစစ်အစိုးရဟာ ပြည်တွင်းအင်တာနက်သုံးစွဲမှုကို တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ အင်တာနက်အပေါ်မှာ အကြောင်းအရာတခုခုကို တင်လိုက်လို့ စစ်အစိုးရ သည်းမခံနိုင်တဲ့အချက်တွေ ပါဝင်သွားမိရင် လည်း အဲဒီလူဟာ ထောင်သွင်း အကျဉ်းချခံနေရတယ်လို့ နယူးယောက်ခ်မြို့အခြေစိုက် The Committee to Protect Journalists (CPJ) လို့ခေါ်တဲ့ သတင်းသမားတွေကို ကာကွယ်တဲ့အဖွဲ့က မနေ့က ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေဟာ အင်တာနက်ကဖေးတွေကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်အကဲဖြတ်တယ်၊ ပြည်သူတွေရဲ့ ကိုယ်ပိုင်အီးမေးလ်တွေနဲ့ တခြားဆက်သွယ်ရေးလမ်းကြောင်းတွေကိုလည်း ကြားဖြတ်အကဲဖြတ်နိုင်တဲ့ နည်းပညာတွေ
ရှိတယ်၊ နိုင်ငံရေးအကြောင်းနဲ့ ပတ်သက်တဲ့ အင်တာနက်ဝက်ဆိုက်တွေကိုလည်း ပြည်သူတွေ ကြည့်လို့မရအောင် တားမြစ် ပိတ်ပင်ထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘလော့ဂါတွေအဖို့ အဆိုးရွားဆုံးနိုင်ငံတွေအဖြစ် သတ်မှတ်ခြင်းခံရတဲ့ တခြားနိုင်ငံတွေကတော့ အီရန်၊ ဆီးရီးယား၊ ဆော်ဒီ အာရေးဗီးယား၊ တူနီးရှား၊ အီဂျစ်၊ တရုတ်၊ ဗီယက်နမ်၊ ကျူးဘားနဲ့ တာ့ခ်မင်နစ္စတန်တို့ ဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG