ဟောင်ကောင်မှာ ဝက်တုပ်ကွေးရောဂါပိုး ကပ်ငြိသူ တွေ့ရှိရကြောင်းနဲ့ ရှန်ဟိုင်းက ဝင်ရောက်လာတဲ့ မက္ကဆီကိုနိုင်ငံသား ခရီးသည်ဖြစ်ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူးချုပ် ဒေါ်နယ်ဆင်း က သောကြာနေ့မှာ ကြေညာပါတယ်။
ဂျပန်နိုင်ငံမှာ ကြာသပတေးနေ့က ဝက်တုပ်ကွေးရောဂါလို့ မသင်္ကာရသူတယောက် တွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ပေမဲ့ နောက်တနေ့ စစ်ဆေးကြည့်ရှုတဲ့အခါ အသက် ၁၇ နှစ်အရွယ်ရှိ အဲဒီကျောင်းသားလေးမှာ H1N1 ပိုး မကပ်ငြိဘူးလို့ ဆိုပါ တယ်။
တောင်ကိုရီးယားနိုင်ငံမှာတော့ နောက်ထပ်ဝက်တုပ်ကွေးရောဂါ ဖြစ်သူလို့ မသင်္ကာရသူ ၂ ယောက် ထပ်တွေ့လို့ စုစုပေါင်း ၃ ယောက် ဖြစ်သွားပါလိမ့်မယ်။
တရုတ်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် နဲ့ ထိုင်းနိုင်ငံတို့ကလည်း မက္ကဆီကို နဲ့ အမေရိကန် တချို့ဒေသက ဝက် အရှင်များနဲ့ ဝက်သားတင်သွင်းမှု ယာယီ ပိတ်ထားလိုက်ပါပြီ။