သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ ၁၂၀ ဘီလီယံဖိုး အာရှငွေကြေးရန်ပုံငွေ ထူထောင်မည်


ကမ္ဘာ့ စီးပွားရေး အကျပ်အတည်း ကာလအတွင်း ငွေကြေးဆိုင်ရာ ပြဿနာ ဖြေရှင်းနိုင်ဖို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၂၀ ဖိုး ရန်ပုံငွေတရပ် ထူထောင်ရေး အရှေ့အာရှနဲ့ အရှေ့တောင် အာရှ အစိုးရတွေက သဘောတူလိုက်ကြပါပြီ။

အင်ဒိုနီးရှားနိုင်ငံ ဘာလီ အပန်းဖြေကျွန်းမှာ ပြုလုပ်တဲ့ အေဒီဘီ အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ နှစ်ပတ်လည် အစည်းအဝေး အပြင်ပန်းမှာ ချင်းမိုင် သဘောတူညီချက်ဆိုတာကို နိုင်ငံပေါင်း ၁၃နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးတွေ သဘောတူညီခဲ့တဲ့ အကြောင်း တနင်္ဂနွေနေ့မှာ ကြေညာသွားတာပါ။

တရုတ်နဲ့ ဂျပန်တို့က ဒေသဆိုင်ရာ ဒီငွေကြေး ရန်ပုံငွေသစ်ရဲ့ ၃၂ရာခိုင်နှုန်းဆီကို ထည့်ဝင်ကြမှာဖြစ်ပြီး တောင်ကိုရီယား နိုင်ငံကတော့ ဒီအရေးပေါ် ငွေကြေးမတည်မှု ၁၆ရာခိုင်နှုန်းကို ထည့်ဝင်မှာပါ။ ကျန်တဲ့ ၂၀ရာခိုင်နှုန်းကိုတော့ အရှေ့တောင် အာရှနိုင်ငံများ အသင်းဝင် ၁၀နိုင်ငံက ထည့်ဝင်ရမှာဖြစ်ပါတယ်။

အာရှ စီးပွားရေးဟာ ပြည်ပပို့ ကုန် တင်ပို့မှုအပေါ် အလွန်အမင်း အားထားနေရတဲ့ ပြဿနာဖြေရှင်းဖို့ စီးပွားရေး ဖွံဖြိုးမှု နည်းဗျူဟာတွေကို ပြန်ဆန်းစစ် ဆောင်ရွက်ရလိမ့်မယ်လို့လည်း အာရှဖွံ့ဖြိုးရေးဘဏ်က တနင်္ဂနွေနေ့က သတိပေးခဲ့ပါ တယ်။ လက်ရှိ စီးပွားရေး ကျဆင်းမှုတွေကို ပြန်အဖတ်ဆယ်ဖို့ ပြည်တွင်း ဝယ်လိုအားတွေ တိုးမြင့်လာမယ်ဆိုတဲ့ သဘော တော့ ရှိနေတယ်လို့ အေဒီဘီ ဥက္ကဌ ဟာ ယူဟီကို ကူရိုဒါ က အဖွဲ့ဝင်တွေကို ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG