သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ သူပုန်တွေ မြန်မာပြည်ဘက်က လက်နက် မှောင်ခိုဝယ်


အိန္ဒိယ နိုင်ငံ အရှေ့မြောက်ဘက် မယ်ဂါလာရာ (Meghalaya) ပြည်နယ်ထဲက ခွဲထွက်ရေး သူပုန်တွေဟာ ဒီပြည်နယ်ရဲ့ မြို့တော် ရှီလုံး (Shillong) မှာ မြန်မာနိုင်ငံကနေ လက်နက် ဝယ်ယူရာ ကြားစခန်းအဖြစ် လျှို့ဝှက် လုပ်ဆောင်နေကြတယ်လို့ မြို့တော် ရှိကောင်းရဲ့ ရဲတပ်ဖွဲ့မှူး Claudia Lyngwa က အိန္ဒိယ သတင်းဌာန Press Trust of India ကို ပြောကြားခဲ့ပါတယ်။

သူပုန်တွေဟာ သူတို့ လက်နက်တွေရဲ့ ၈၀ ရာခိုင်နှုန်းကို မြန်မာ နိုင်ငံကနေ ဝယ်ယူတာ ဖြစ်ပြီး စနေနေ့က မြန်မာ နိုင်ငံက လက်နက်တွေ ရောက်အလာကို ရူပီငွေ ၁ သိန်းကျော်နဲ့ စောင့်ဆိုင်းနေကြတဲ့ ခွဲထွက်ရေး သူပုန် ၂ ယောက်ကို မြို့တော် ရှီလုံး မှာ ဖမ်းဆီး ရမိခဲ့ပါတယ်။ သူပုန် ၂ယောက်ဟာ Black Widow လို့အမည်ရတဲ့ ခွဲထွက်ရေး သူပုန် အဖွဲ့အတွက် မကြာခဏ လက်နက်တွေ ဒီမြို့မှာ ဝယ်ယူနေပုံ ရတယ်လို့ မြို့တော် ရဲတပ်ဖွဲ့မှူး ကလိုဒီယာ (Claudia) က ဆိုပါတယ်။

ဘလက် ဝိဒိုး ခွဲထွက်ရေး သူပုန်တွေဟာ မကြာသေးခင်က အာသန်ပြည်နယ်မှာ ရထားတွေကို ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ အဖွ့ဲ ဖြစ်တယ်လို့ အိန္ဒိယ အစိုးရက ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ လကလည်း လက်နက်ရောင်းဝယ်သူ ၄ဦးကို မယ်ဂါလာရာနဲ့ အာသံပြည်နယ် နယ်စပ်အကြားမှာ ရူပီငွေ ၂သိန်းနဲ့ အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG