မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဒဏ်ခံရတာ တနှစ်ပြည့်သွားပေမယ့် လေဘေးဒဏ်ခံရတဲ့သူတွေ ရှင်သန်ရပ်တည်ရေး၊ ပြန်လည်ထူထောင်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ကြိုးပမ်းနေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောဆိုပါတယ်။ ဒီအခက်အခဲ ပြဿနာတွေကို ဖြေရှင်းပေးဖို့နဲ့ ရေရှည်ရပ်တည်ရေးအတွက် ကူညီပံ့ပိုးမှုတွေ လုပ်ကိုင်သွားဖို့ လိုအပ်နေဆဲပဲလို့လည်း ပြောဆိုကြပါတယ်။ နာဂစ်မုန်တိုင်းဒဏ်ခံရတာ တနှစ်ပြည်လာခဲ့ပြီးနောက် မုန်တိုင်ဒဏ်သင့် ဒေသက နာလန်မထူနိုင်သေးတဲ့ အခြေအနေတွေကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။