သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်ဘေးသင့်ဒေသ သောက်ရေသန့် ရှားပါးနေ


မြန်မာနိုင်ငံသမိုင်းမှာ အဆိုးဝါးဆုံးသော သဘာဝဘေးအန္တရာယ်ကြီးဖြစ်တဲ့ နာဂစ်လေမုန်တိုင်းဒဏ်ခံခဲ့ရတာ မေလ ၂ ရက်နေ့မှာဆိုရင် တနှစ်ပြည့်ခဲ့ပါပြီ။ နာဂစ်ကြောင့် လူ့အသက်တွေပါမက များပြားလှတဲ့ ဆုံးရှုံးမှုတွေထဲမှာ အသက်ရှင်နေထိုင်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့သောက်ရေသုံးရေ ဆုံးရှုံးမှုကလည်း အင်မတန်ကြီးမာလှပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခိုက်ခဲ့စဉ်မှာ ဝင်ရောက်ခဲ့တဲ့ ဆားငန်ရေတွေကြောင့် သောက်သုံးရေကန် အများအပြား ပျက်ဆီးသွားခဲ့ရတဲ့အတွက် ရေရှားပါးမှု ပြဿနာကို မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေ တော်တော်လေး ခံခဲ့ကြရပါတယ်။ အခုလို နာဂစ်မုန်တိုင်းဖြစ်ပြီး တနှစ်ပြည့်လာခဲ့အချိန်ထိ သောက်သုံးရေကို အယင်အတိုင်း ပုံမှန်ပြန်ရဖို့ အခြေအနေက မလွယ်ကူးသေးကြောင်း မစုမြတ်မွန် က တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG