သူတို့ရဲ့တောင်းဆိုချက်တွေကို စစ်အစိုးရက လိုက်လျောမယ်ဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်ဖို့အတွက် စဉ်းစားမယ်လို့ ဆိုပါတယ်။ သောတရှင် ပြည်သူတွေအနေနဲ့ရော NLD ဟာ ရွေးကောက်ပွဲ ဝင်သင့်တယ်လို့ ထင်ပါသလား။ မဝင်သင့်ဘူးလို့ရော ယူဆကြပါသလား ဆိုတာတွေကို ဆွေးနွေးဖို့အတွက် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဉ်ဝင်း၊ ABSL မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်သန်းတို့နဲ့ ပရိတ်သတ်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။