မက္ကဆီကိုနိုင်ငံမှာ H1N1 ဝက်တုပ်ကွေး ရောဂါပိုးကြောင့် ချောက်ချားခဲ့ရပြီး အခုအခါ
ပုံမှန်ဘက်ဆီ ရွေ့ရှားလာနေပြီမို့ ပိတ်ထားခဲ့တဲ့ စာသင်ကျောင်းများနဲ့ စီးပွားရေး
လုပ်ငန်းများ ဗုဒ္ဓဟူးနေ့မှာ ပြန်ဖွင့်ဖို့ စီစဉ်ထားပါပြီ။
အခြေအနေ ငြိမ်သက်သွားပါပြီ၊ ဒါပေမယ့် ဒီရောဂါပိုးဟာ လူတွေကြားထဲမှာ ရှိနေဆဲမို့
မပြန့်ပွားရေးကို သတိထားပြီး တားဆီးကြပါလို့ သမ္မတ ဖိလစ်ပီ ကယ်လ်ဒါရွန် (Felipe
Calderon) က တိုက်တွန်းပြောဆိုပါတယ်။
ဝက်တုပ်ကွေးရောဂါကြောင့် မက္ကဆီကိုစီးပွားရေးမှာ ဒေါ်လာသန်းပေါင်း ၂,၂၀၀
ဆုံးရှုံးကြောင်း မက္ကဆီကို ဘဏ္ဍာရေးဝန်ကြီး သြဂတ်စတင်း ကာစတင်းစ် (Agustin
Carstens) ကလည်း ကြေညာပါတယ်။
အမေရိကန်နိုင်ငံမှာနေထိုင်သူ အမျိုးသမီးတဦး ဒီသီတင်းပတ် စောစောပိုင်းမှာ
ဝက်တုပ်ကွေးရောဂါနဲ့ သေဆုံးကြောင်း အင်္ဂါနေ့မှာ ကျန်းမာရေး အာဏာပိုင်များက
ကြေညာလိုက်ပြီး ရက်အတန်ကြာတုန်းကလည်း မက္ကဆီကိုနိုင်ငံက အလည်ရောက်နေ
တဲ့ ကလေးငယ်တယောက်လည်း တက္ကဆက်ပြည်နယ်မှာ သေဆုံးခဲ့ပါတယ်။