မေလ ၅ ရက်နေ့ထုတ် မြန်မာစစ်အစိုးရရဲ့ ကြေးမုံသတင်းစာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မိမိတို့ တိုင်းပြည်တာဝန် စယူစဉ်အခါက စပါးထွက်ရှိမှု တင်း သန်းပေါင်း ၆၀၀ ကျော်လောက်ပဲ ရှိခဲ့ရာက အခု စပါးတင်း သန်းပေါင်း ၁,၆၀၀လောက် အထိ တိုးချဲ့ထုတ်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လူဦးရေသန်းပေါင်း ၁၀၀ အထိ တိုးပွားလာရင် တောင်မှ စားနပ်ရိက္ခာအတွက် ပူပင်စရာမလိုတော့ဘူးလို့ သူက ဆိုပါတယ်။ အကြောင်းစုံကို နော်ရှိုးက ဆက်သွယ်မေးမြန်း ပြီး တင်ပြပေးထားပါတယ်။
မြန်မာပြည်တွင်းမှာ ဆန်တပြည် ၁,၂၀၀ ကျပ်ဈေးနဲ့ဆိုတော့ မြန်မာပြည်တွင်းက
အခြေခံလူတန်းစားတွေ နိစ္စဓူ၀ ဝမ်း၀၀စားဖို့အတွက် ဖြစ်နိုင်သလားဆိုတာကတော့
မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ သာမန်ပြည်သူတွေ မပြောနဲ့၊ ချင်းပြည်နယ်က
စစ်အစိုးရတပ်တွေကိုယ်တိုင် စားနပ်ရိက္ခာ မလုံလောက်လို့ ဒေသခံပြည်သူတွေဆီက
တောင်းခံနေရတယ်လို့ Chinland Guardian ခေါ် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့
ချင်းအင်တာနက်သတင်းစာ အယ်ဒီတာ ဆလိုင်း ဘွေလျန်းက ပြောပါတယ်။
“တခုရှိတာ မနှစ်တုန်းက ချင်းပြည်မှာ အစားအစာ ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံနေရ
တယ်။ ရွာပေါင်း ၂၀၀ ကျော်မှာ အစားအစာတွေ ပြတ်တောက်တယ်။ ပြီးတော့
ဆိုင်ကလုန်းနာဂစ် ကျတယ်။ အဲဒီမှာ ပြည်သူလူထုတွေ နိုင်ငံတကာအကူအညီ ရယူ
နေတဲ့အချိန်မှာ ဗမာပြည်က ဆန်မက်ထရစ်တန် ၁,၀၀၀ သီရိလင်္ကာနိုင်ငံကို
ရောင်းချလိုက်တယ်။
“တိုင်းပြည်မှာ လူတွေ ငတ်မွတ်နေတဲ့အချိန် ဒီလိုလုပ်တယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေပြောတာ မှန်တယ်ဆိုရင် သူ့တိုင်းပြည်ထဲမှာရှိတဲ့ ပြည်သူပြည်သားတွေကို
ဝအောင်ကျွေးပါ။ အဲဒီရွာသူရွာသားတွေကို မလုပ်ကျွေးရင်တောင်မှ သူ့စစ်တပ်ကို
ဝအောင်ကျွေးပါ။ ရွာသူရွာသားတွေက အင်မတန်မှ ဆင်းရဲတယ်၊ နွမ်းပါးတယ်၊
အတင်းအဓမ္မလုပ်အား စေခိုင်းခံရတယ်။ အခု အဲဒီရွာသူရွာသားတွေဆီက ဆန်စပါး
တွေ၊ အစားအသောက်တွေကို တပ်ရင်းကို အလုပ်အကျွေးခိုင်းတာ အင်မတန်မှ
မတရားဘူး။”
ဒီအဖြစ်အပျက်တွေကို ချင်းပြည်နယ်ရဲ့ ဘယ်ဒေသတွေမှာ တွေ့ရတာလဲ၊ ဘယ်အပိုင်း
တွေက အဆိုးဆုံးလို့ ဆိုရမလဲ။
“ချင်းပြည်နယ် ဗျူဟာ ၂ လက်အောက်မှာရှိတဲ့ တပ်ရင်း ၃၀၄၊ တပ်ရင်း ၂၈၉၊ အဲဒီ
တပ်ရင်း ၂ ခုကို အမြဲတမ်းပဲ ချင်းပြည်သူလူထုတွေက အလုပ်အကျွေး ပြုနေရတယ်။
ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ ဆဘောင်းတင်နဲ့ လိုင်လန်းတီ တပ်ရင်းမှာရှိတဲ့ ဗျူဟာ
၂ အောက်မှာရှိတဲ့ နအဖစစ်တပ်တွေက ရွာသူရွာသားတွေကို အတင်းအဓမ္မ ဆန်စပါး
သယ်ခိုင်းတယ်၊ လုယူတယ်။ ရွေးစရာ ၂ ခုပဲရှိတယ်။
“မတူပီကနေ သူတို့တပ်စခန်းကို ၅ ရက် လမ်းလျှောက်ရတဲ့နေရာမှာ ရွာသားတွေကို
သူတို့အတွက် ရိက္ခာ သွားထမ်းပေးမလား၊ ဒါမှမဟုတ် ရွာသားတွေက သူတို့ ရှိစုမဲ့စု
အစားအသောက်တွေကို တပ်ရင်းကို ကျွေးမလား၊ အဲဒီ ၂ ခုပဲ ရွေးစရာရှိတယ်။ အခု
လတ်တလောအချိန်မှာ အဆိုးဆုံးအခြေအနေက ချင်းပြည်နယ်အလယ်ပိုင်း မတူပီ
မြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ် အထက်ပိုင်း၊ ဖလမ်းမြို့နယ်၊ အဲဒီမြို့နယ်
၄ ခုမှာ အဆိုးဆုံးအခြေအနေ ရောက်နေတယ်။”
မနှစ်တုန်းက ချင်းပြည်နယ်မှာ ငတ်မွတ်ခေါင်းပါးမှု ကြုံရတယ်ဆိုတာ ဝါပွင့်ပြီး
ကြွက်တွေသောင်းကျန်းလို့။ ဒါပေမယ့် အဲဒီမတိုင်ခင်ကရော ချင်းပြည်နယ်မှာ
စားနပ်ရိက္ခာ ဖူလုံမှုအခြေအနေ ဘယ်လိုရှိပါသလဲ။
“အရင်တုန်းက ချင်းပြည်သူပြည်သားတွေက ပြည်နယ်မှာ ဆန်စပါးသိပ်မထွက်ရင်
တောင် ရွာသူရွာသားတွေအတွက် အလုံအလောက်တော့ ရှိတယ်။ သို့သော် အဲဒီဝါကိစ္စ
မဖြစ်ခင် လေးငါးနှစ်လောက်ကစပြီး ချင်းပြည်သူပြည်သားတွေ အင်မတန်မှ ဆင်းရဲ
နွမ်းပါးလာတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ စစ်တပ်တိုးချဲ့ထားတဲ့နောက်ပိုင်း၊
တပ်ရင်းပေါင်း ၁၂ ခု ချင်းပြည်နယ်မှာ တိုးချဲ့လာတယ်။ အဲဒီတပ်ရင်းတွေရဲ့
စခန်းပေါင်း ၅၀ ကို ရွာသူရွာသားတွေကပဲ အလုပ်အကျွေး ပြုနေရတယ်။ အတင်း
အဓမ္မ လုပ်အားပေးခိုင်းခံရတယ်၊ ပေါ်တာထမ်းခိုင်းတယ်ဆိုတော့ ရွာသူရွာသားတွေက
သူတို့တောင်ယာခင်းတွေမှာ အလုပ်လုပ်ဖို့ အချိန်မရှိတော့ဘူး။”
Chinland Guardian အင်တာနက်သတင်းစာ အယ်ဒီတာ ဆလိုင်းဘွေလျန်း ပြောပြ
သွားတာ ဖြစ်ပါတယ်။