သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ပါကစ္စတန် အာဖဂန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ


အမေရိကန်၊ အာဖဂန် နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံတို့က အယ်ခိုင်းဒါးနဲ့ သူရဲ့ အစွန်းထွက် မဟာမိတ်များကို ဘုံရန်သူ အဖြစ် ရှုမြင်ကြပြီး၊ သူတို့ရဲ့ လုပ်ရပ်များ ရပ်တန့်သွားရေး၊ ပျက်သွားရေး၊ ရှုံးနိမ့်သွားရေး သုံးနိုင်ငံ ပူးပေါင်း လုပ်ဆောင်သွားဖို့ ကတိကဝတ် ပြုလိုက်ကြတယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ သမ္မတ ဘားရက်ခ် အိုဘားမားဟာ အာဖဂန် သမ္မတ ဟာမစ် ကာဆိုင်း၊ ပါကစ္စတန် သမ္မတ အာဆစ် အာလီ ဇာဒါရီတို့နဲ့ တွေ့ဆုံပါတယ်။

ဆွေးနွေးပွဲဟာ အလုပ်ဖြစ်ပြီး အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံတို့က မကြုံစဖူး ပူးတွဲ ဆောင်ရွက်ကြတယ်လို့လည်း သမ္မတ အိုဘားမားက ချီးကျူးစကား ပြောဆိုပါတယ်။ အစွန်းထွက် သမားများ ခြေမှုန်းဖို့ဆိုတာ အပြုသဘော ကြီးထွားဖို့နဲ့ ဖွံ့ဖြိုးဖို့ လိုအပ်ပြီး စစ်ရေး ကြိုးပမ်းမှုလည်း လိုအပ်ပါတယ်လို့ အစည်းအဝေးအပြီးမှာ သမ္မတ အိုဘားမားက သတင်းထောက်တွေကို ပြောကြားပါတယ်။

အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲကို ထောက်ခံမယ်၊ ပါကစ္စတန် နိုင်ငံမှာ စာသင်ကျောင်းများ၊ ဆေးရုံးများ ဆောက်လုပ်ရေးကိုလည်း ကူညီမယ်လို့ အမေရိကန် သမ္မတက ပြောဆိုပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံက အကြမ်းဖက် တိုက်ဖျက်ရေး စစ်ပွဲများအတွင်း အရပ်သား အသေအပျောက် လျော့နည်းရေး ကြိုးပမ်းမယ်၊ သုံးနိုင်ငံစလုံး အတူ ရင်ဆိုင်နေရတဲ့ အစွန်းထွက်သမားများရဲ့ ချိန်းခြောက်မှုတွေအပေါ် မစ္စတာ ကာဆိုင်းနဲ့ မစ္စတာ ဇာဒါရီတို့ အပြည့်အ၀ အလေးထားကြတယ်လို့ သမ္မတ အိုဘားမားက ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG