သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားတွေ ရှင်းပစ်ဖို့ ပါကစ္စတန် အမိန့်ပေး


စစ်သွေးကြွတွေနဲ့ အကြမ်းဖက်သမားတွေကို ရှင်းပစ်ဖို့ ပါကစ္စတန်က သူ့စစ်တပ်ကို
အမိန့်ပေးထားပြီးပါပြီ။ အနောက်မြောက်ပိုင်း၊ ဆွပ်တ် (Swat) တောင်ကြားဒေသက
တာလီဘန်တွေ စွဲထားတယ်လို့ သံသယရှိတဲ့ နေရာတွေကို စစ်လေယာဉ်ပျံတွေက
ဆက်လက်ဗုံးကြဲနေကြပါတယ်။

အစွန်းရောက်သမားတွေကို ဆန့်ကျင်ကြရာမှာ တတိုင်းတပြည်လုံး စည်းလုံးညီညွတ်
ကြဖို့ ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) က
ရုပ်မြင်သံကြားကနေ ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အဲဒီဒေသက
တာလီဘန် စစ်သွေးကြွတွေနဲ့ သဘောတူညီချက် ပျက်ပြယ်သွားပြီးတဲ့နောက် အစိုးရ
တပ်တွေက ထိုးစစ်တွေကို မြှင့်တင်လာတဲ့အချိန်မှာ အရပ်သားတွေက ထောင်ချီ
ထွက်ပြေးနေကြပါတယ်။

ပါကစ္စတန်စစ်တပ်နဲ့ အစိုးရက အနောက်မြောက်ပိုင်းဒေသက တာလီဘန်တွေအပေါ်
ခိုင်ခိုင်မာမာ တုံ့ပြန်နေတာအပေါ် သူ အလွန်ကျေနပ်မိပါတယ်လို့ အမေရိကန်
ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောပါတယ်။

ပါကစ္စတန်ရဲ့ နျူကလီးယားလက်နက်ကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့ အောင်မြင်မှုအဆင့်
ကို တာလီဘန်တွေ အောင်နိုင်ဖို့အတွက် အလွန့်အလွန် ဖြစ်နိုင်ခြေ နည်းလှပါတယ်လို့
အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံမှာ သတင်းထောက်တွေနဲ့ ကြာသပတေးနေ့က
တွေ့ဆုံရာမှာ ဂိတ်စ်က ပြောခဲ့ပါတယ်။ အဲဒီဒေသတွင်း ထိုးစစ်ကြောင့် စစ်သွေးကြွ
၂၀၀ ကျော် သေဆုံးခဲ့ကြပါတယ်။

XS
SM
MD
LG