သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်တုပ်ကွေး ကာကွယ်ရေး အာရှနိုင်ငံများ ဆွေးနွေး


ကနဦးက ကြောက်ခဲ့ရသလို ကြောက်ဖို့မလိုတော့တဲ့ လက္ခဏာတွေ ရှိနေပေမယ့်
ဝက်တုပ်ကွေး ပျံ့နှံ့လာခြေရှိတာကို စောင့်ကြည့်မြဲ ကြည့်နေဖို့ နိုင်ငံတကာ ကျန်းမာရေး
အရာရှိတွေက ပြောပါတယ်။ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံတွေနဲ့ အာဆီယံ
၁၀ နိုင်ငံတို့က ဝက်တုပ်ကွေးနဲ့ ပတ်သက်နေတဲ့ ကိစ္စတွေကို ဘန်ကောက်မြို့မှာ
ဆွေးနွေးနေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရွန် ကော်ဘင် (Ron Corben) ပို့ထားတဲ့
သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

A-H1N1 တုပ်ကွေးမိသူပေါင်း ၂,၀၀၀ ကျော် ရှိသွားခဲ့ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က
ပြောပါတယ်။ မက္ကဆီကိုက စပျံ့နှံ့လာတဲ့ အဲဒီတုပ်ကွေးက အာရှမှာတော့ အဓိကပျံ့နှံ့
တာ မရှိသေးပါဘူး။ ဒေသတွင်းမှာ အဲဒီတုပ်ကွေး ဖြစ်လာပြီဆိုရင် ပူးပေါင်းဆောင်ရွက်
ကြမယ့် မဟာဗျူဟာတရပ်ကို ချမှတ်နိုင်ဖို့အတွက် အာဆီယံ ၁၀ နိုင်ငံနဲ့ တရုတ်၊ ဂျပန်၊
တောင်ကိုရီးယားနိုင်ငံတွေက ကျန်းမာရေးဝန်ကြီးတွေနဲ့ အရာရှိတွေဟာ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့မှာ ၂ ရက်ကြာ အစည်းအဝေး ထိုင်နေကြပါတယ်။

တုပ်ကွေးပျံ့နှံ့လာခဲ့ရင် အာရှက ကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့ သူယုံကြည်တဲ့
အကြောင်း ကုလသမဂ္ဂ တုပ်ကွေးရောဂါ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ခေါင်းဆောင်
ဒေးဗစ် နဘားရို (David Nabaro) က ပြောပါတယ်။ ဆားစ်လို့ အတိုခေါ်တဲ့ အသက်ရှူ
လမ်းကြောင်း ကူးစက်ရောဂါ ၂၀၀၃ ခုမှာ ဖြစ်ပွားတုန်းက ရရှိခဲ့တဲ့ အတွေ့အကြုံတွေရဲ့
အကျိုးကျေးဇူး အာရှမှာ ရှိနေပါတယ်လို့ သူက ဆိုပါတယ်။

“ရောဂါ ပြန့်ပွားလာရင် လုပ်ကြကိုင်ကြဖို့ ပြင်ဆင်ထားကြရာမှာ ကမ္ဘာမှာ အကောင်း
ဆုံးဒေသတွေထဲက ဒေသတခုအဖြစ် အာရှက ပါဝင်ပါတယ်။ အထူးသဖြင့် ကဏ္ဍ
ပေါင်းစုံပါဝင်တဲ့ ပျံ့နှံ့မှု ထိန်းချုပ်ကာကွယ်ရေး ပြင်ဆင်ချက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့
၅ နှစ်က ပြင်ဆင်ပုံထက် အများကြီးပိုကောင်းတဲ့ ပြင်ဆင်ပုံ ကမ္ဘာကြီးမှာ ရှိနေပါပြီ။
အထူးသဖြင့် အာရှမှာရှိတယ်လို့ ကျနော်ယုံကြည်ပါတယ်။”

စောစောပိုင်းက ကြောက်ရွံ့စိုးရိမ်ခဲ့ကြတာလောက် လက်ရှိ တုပ်ကွေးဗိုင်းရပ်စ်က ဗီဇ
အားဖြင့် မဆိုးတဲ့လက္ခဏာတွေ ရှိနေပါတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါ
တယ်။ တုပ်ကွေးမိကြတဲ့သူတွေရဲ့ ၆၀% နီးနီးလောက်က အသက် ၁၈ နှစ်အောက်
လူငယ်တွေ ဖြစ်ကြတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန ဒုတိယ
ညွှန်ကြားရေးမှူး အင်န် ဆူချက် (Anne Schuchat) က ဗွီဒီယိုကတဆင့် အဲဒီအစည်း
အဝေး တက်ရောက်သူတွေကို ပြောခဲ့ပါတယ်။ တုပ်ကွေးမိကြတဲ့သူ အများစုက
ဆေးရုံတင်ဖို့ မလိုပါဘူးလို့ သူမက ဆိုပါတယ်။

“အခုလို ကျမတို့ အကဲဖြတ်ထားပါတယ်။ အရေးကြီးပြီး အလေးအနက်ထားရမယ့်
ပြဿနာတရပ် ကျမတို့မှာ ရှိနေပါတယ်။ ဒီပြဿနာက ဆက်ပြီးတော့လည်း ရှိနေပါ
တယ်။ ဒါပေမယ့် မက္ကဆီကိုနိုင်ငံမှာရှိတဲ့ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေက
မူလက သတင်းပေးပို့ခဲ့သလောက်တော့ ရောဂါက မဆိုးတော့တဲ့အကြောင်းကို
နောက်ထပ်ရရှိတဲ့ အချက်အလက်တွေအရ သိရပါတယ်။”

အခုဗိုင်းရပ်စ်ပိုးက ရာသီလိုက်ဖြစ်တဲ့ တုပ်ကွေးဗီဇမျိုးနဲ့ တူပါတယ်။ ပျော့တာကနေ
ပြင်းပြင်းအထိ အမျိုးမျိုးရှိပါတယ်။ အကောင်းမြင်ရမယ့် အချက်အလက်တွေရှိပေမယ့်
အာရှဟာ နိုးနိုးကြားကြားရှိဖို့ လိုမြဲလိုနေပါတယ်လို့ WHO လက်ထောက်ညွှန်ကြား
ရေးမှူး ကေဂျီး ဖူကူဒါ (Keiji Fukuda) ကတော့ ပြောပါတယ်။

“ရောဂါက ပျော့သွားတဲ့ပုံ ပေါက်ပါတယ်။ ဒါပေမယ့် အခြေအနေနဲ့ပတ်သက်ပြီး
ဟောဒီလို သတိပေးစာလေး ကျနော် ကပ်ထားချင်ပါတယ်။ ဒီရောဂါ ပြင်းလာနိုင်ခြေနဲ့
ပတ်သက်ပြီး ကျနော်တို့ အပြည့်အ၀ ကိုင်တွယ်ထားနိုင်ပြီလို့ မယုံကြည်ပါ၊ ဆိုတဲ့
စာလေးဖြစ်ပါတယ်”

ပိုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ အဆိုပြုထားချက်ကို အာရှ ကျန်းမာရေးဝန်ကြီးတွေက
သောကြာနေ့မှာ သဘောတူကြမယ်လို့ မျှော်လင့်ကြပါတယ်။ အဲဒီသဘောတူညီချက်
အရ ဆေးဝါးတွေ လုံလုံလောက်လောက် ထောက်ပံ့ရေး၊ တနိုင်ငံနဲ့တနိုင်ငံ နယ်ခြား
ဖြတ် ကူညီနိုင်ရေးနဲ့ တုပ်ကွေးပျံ့နှံ့ရင် စီးပွားရေးအပေါ် ကျယ်ကျယ်ပြန့်ပြန့်
သက်ရောက်လာမှာကို ကန့်သတ်ဖို့ လုပ်ဆောင်ရေးဆိုတဲ့ အချက်တွေလည်း အဲဒီ
သဘောတူညီချက်မှာ ပါဝင်ကြပါတယ်။

XS
SM
MD
LG