သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြတ်မိခင်နေ့ ဂုဏ်ပြုအထူးအစီအစဉ်


လာမယ့် တနင်္ဂနွေနေ့ မတ်လ ၁၀ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ Mother's Day လို့ခေါ်တဲ့ မိခင်များနေ့ ဖြစ်ပါတယ်။ မာတာမိခင် ကျေးဇူးရှင်ကို ဂုဏ်ပြုတဲ့နေ့အဖြစ် ၁၉၁၄ ခုနှစ် အမေရိကန်သမ္မတ Woodrow Wilson လက်ထက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့မှာ ကျင်းပဖို့ လက်မှတ်ရေးထိုး အတည်ပြုခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ တချိန်တုန်းက လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး - မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးမိခင် ဒေါ်ခင်ကြည် ကို မြတ်မိခင်အဖြစ်နဲ့ ရည်ညွှန်း ပြောဆိုလေ့ရှိပါတယ်။ ဒေါ်ခင်ကြည်ကတော့ ၁၉၈၈ ခု ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကွယ်လွန်သွားရှာပြီဖြစ်ပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီအစီအစဉ်ရဲ့အဖွင့်မှာ ကဗျာဆရာကြီး ဦးတင်မိုး - အစီအစဉ်အပိတ်မှာတော့ ဆရာမောင်စွမ်းရည်တို့ရဲ့ ကဗျာတွေနဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG