တာလီဘန်တွေ ကြီးစိုးတဲ့ ဆွာ့တ်တောင်ကြားနေဒေသမှာ စနေနေ့က ရဟတ်ယာဉ်နဲ့ စစ်လေယာဉ်တွေ အကူအညီနဲ့ ပါကစ္စတန်စစ်တပ်ကနေ ပစ်ခတ်ခဲ့တာမို့ ဒေသခံ သိန်းနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရသလို ထွက်မပြေးနိုင် ဘဲ ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။
အဲဒီဒေသမှာ ကြီးစိုးနေတဲ့ စစ်သွေးကြွတွေကို ရှင်းလင်းဖို့အတွက် ကြိုးစားတာလို့ ပါကစ္စတန် စစ်တပ်က ပြောကြားခဲ့ပြီး စနေနေ့တိုက်ပွဲမှာ တာလီဘန် ၅၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မင်ဂိုရာ မြို့တဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က ရဟတ်ယာဉ်ပေါ်က သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပုန်းအောင်းနေတဲ့ တာလီဘန် ၁၅ ဦး သေဆုံးခဲ့တယ်လို့ ပြောပါ တယ်။
တိုက်ပွဲတွေဟာ ကာဘာ နဲ့ ဒါ ဒေသတွေမှာလည်း ဖြစ်ပွားခဲ့ပြီး အဲဒီမှာ စစ်သားလေးဦး ဒဏ်ရာ ရခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။ ကုလသမဂ္ဂကတော့ ဒီတိုက်ပွဲတွေဟာ ဒီရက်ပိုင်းအတွင်း ဆဝပ် နဲ့ ဘာနာ ဒေသတွေက ဒေသခံ ငါးသိန်းလောက်ကို နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးစေတယ်၊ တချို့လည်း ပိတ်မိနေတယ်လို့ ပြောပါတယ်။ ထွက်ပြေးလာ သူတွေရဲ့ ပြောပြချက်အရ တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။