သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ရွေးကောက်ပွဲ သမ္မတ ယူဒိုယိုနိုရဲ့ ဒီမိုကရက်တစ်ပါတီ မဲအများဆုံးရရှိ


သမ္မတ Susilo Bambang Yudhoyono's ရဲ့ ဒီမိုကရက်တစ်ပါတီက မဲအများစုကို နိုင်ခဲ့တယ်လို့ တရားဝင် မဲစာရင်းတွေက ပြနေပါတယ်။ ဧပြီလ ၉ ရက်နေ့ က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက မဲ ၂၀ ရာနှုန်းကျော်ကို ရရှိခဲ့တယ်လို့ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်က စနေနေ့ က ကြေညာပါတယ်။

သူ နဲ့ ပြိုင်ဘက် ပါတီကြီး ၂ ခု ဖြစ်ကြတဲ့ ဂေါ်ကာ ပါတီ နဲ့ ယခင် သမ္မတ Megawati Sukarnoputri မဂ္ဂဝပ်သီ ဆူကာနိုပူထရီ ရဲ့ တိုက်ပွဲဝင် ဒီမိုကရက်တစ် ပါတီ လို့ အဓိပ္ပါယ်ရတဲ့ Democratic Party of Struggle တို့ က ၁၄ ရာနှုန်းစီ ရရှိကြပါတယ်။
ဇူလိုင်လ သမ္မတ ရွေးကောက်ပွဲ ကို သမ္မတ ယူဒိုယိုနို နိုင်ဖို့ အကောင်းဆုံး အခွင့်အလမ်း ရှိတာကိုလည်း မဲပေးပြီး ထွက်လာသူ တွေ ကို မေးမြန်းကောက်ယူထားတဲ့ သဘောထားစစ်တမ်း က ပြသခဲ့ပါတယ်။ တခြား ရွေကောက်ခံမယ့်သူတွေထဲမှာ မစ္စ မဂ္ဂဝပ်သီ နဲ့ ဂေါ်ကာ ပါတီ ရဲ့ ဥက္ကဋ္ဌ ဒုတိယ သမ္မတ Jusuf Kalla တို့လည်း ပါဝင်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG