သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Give စကားလုံး ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


ဒီသတင်းပတ် အင်္ဂလိပ်စာအခန်းကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများကတော့ give the eye, give the once-over နဲ့ size up တို့ ဖြစ်ပါတယ်။

Give the eye - Give (ပေးသည်)၊ Eye (မျက်လုံး)။ စကားစုတခုလုံးရဲ့တိုက်ရိုက်လုံးကောက် အဓိပ္ပါယ်က ‘မျက်လုံးကိုပေးသည်' လို့ ဆိုနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ မျက်လုံးမှတဆင့် စိတ်ဝင်စားမှုကိုပြသတာ လူ့သဘာဝပါ။ ကျမတို့ မြန်မာမှာ မျက်စပစ်ပြတာ၊ မျက်စီမှိတ်ပြတာ၊ မျက်လုံးချင်းစကားပြောတာ၊ ပုံပေးတာ ဆိုတဲ့ စကားအသုံးတွေ ရှိပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ ကောလိပ်ကျောင်းသာ Don က သူငယ်ချင်း Willy ကို ပြောတာကို နားထောင်ကြည့်ရအောင်

"Willy, don't look now. When you have the chance, take a look at the girl sitting over there alone. I think she is in our biology class, and you know something I think she is trying to give me the eye. Maybe I ought to go over and say hello."

"Willy ရေ အခုတော့ သွားမကြည့်နဲ့ဦး။ မင်းကြည့်ဖို့ အခွင့်သာရင်တော့ ဟိုမှာ တယောက်ထဲ ထိုင်နေတဲ့ကောင်မလေးကို ကြည့်လိုက်ပါ။ ငါတို့နဲ့အတူ ဇီဝဗေဒအတန်းထဲက ထင်တာပဲ။ မင်းတခုသိရဲ့လား သူရဲ့ အကြည့်က ငါကို စိတ်ဝင်စားပုံပြနေတယ်။ ငါ သွားပြီး နူတ်ဆက်လိုက်ရင် ကောင်းမလား မသိဘူးကွာ။"

Give the once-over - Give (ပေးကမ်းသည်)၊ Once-over (တကြော့ပြန်ကြည့်ခြင်း) [Once စကားလုံးက သီးခြားရပ်တည်ရင် 'တကြိမ်တခါ' နဲ့ Over ကတော့ 'အပေါ်မှာ၊ တဖက်မှာ' လို့ အဓိပ္ပါယ်ရပါတယ်]။ စကားစုတခုလုံးရဲ့ အဓိပ္ပါယ်ကတော့ အထက် give the eye စကားစုအတိုင်း တဖက်လူကို စိတ်ဝင်စားမူ ပြသခြင်း ဖြစ်ပါတယ်။ ဘန်းစကားအရတော့ မျက်လုံးချင်းစကားပြောတာ၊ ရှိုတ်တဲ့သဘောဖြစ်ပါတယ်။ ခေတ်စကားအရတော့ သူက eye ပေးတော့ ကိုယ်က smile ပြန်ပေးတဲ့ သဘောမျိုးဖြစ်ပါတယ်။

Don က သူကို ပုံပေးနေတဲ့ ကောင်မလေးကို သွားစကားပြောတဲ့အကြောင်း သူငယ်ချင်း Willy ကို အားရပါးရ ပြန်ဖောက်သည်ချတာကို နားထောင်ကြည့်ရအောင်

"When I gave her once-over, she finally gave me a nice smile. So I went over to tell her haven't we met someplace before. She asked me to sit down and we got acquataince and look at this Willy she gave me her telephone number."

"ကျနော်က သူမကို မျက်ရိပ်ပြလိုက်တော့ သူက ကျနော်ကို ပြန်ပြုံးပြတော့တယ်။ ဒါကြောင့် ကျနော်လည်း သူဆီကိုသွားပြီး အယင်က တနေရာရာမှာ ကျနော်တို့ တွေ့ဘူးကြသလားလို့ သွားမေးမိတယ်။ သူက ထိုင်ပါဦးလို့ပြောတယ်။ ဒီနောက် အကျွမ်းတဝင်ရှိအောင် စကားတွေပြောကြတယ်။ Willy ရေ ဒီမှာကြည့် သူက ကျနော်ကို တယ်လီဖုန်းနံပါတ်ပေးလိုက်တယ်။"

Size up - Size (အရွယ်အစား)၊ Up (အပေါ်ဖက်သို့)။ size ကို ဝိဘတ် up တွဲသုံးလိုက်တဲ့အခါမှာ size up စကားစုတခုလုံးရဲ့ အဓိပ္ပါယ်ကတော့ လူကိုမြင်တာနဲ့ ထင်မြင်ယူဆပုံကို ကောက်ချက်ချလိုက်တာ ဆုံးဖြတ်ချက်ချလိုက်တာ အကဲခတ်လိုက်တဲ့ သဘောဖြစ်ပါတယ်။ တနည်းတော့ လူတဦးဦးကို မြင်လိုက်တာနဲ့ စိတ်ထဲမှာ ခံစားရမိတဲ့သဘော အကဲဖြတ်လိုက်တဲ့သဘော ဖြစ်ပါတယ်။

"I'm settled down alright. I married Barbara about three years ago. As soon as I met her, I sized her up as a girl I wanted to marry. It took her three more years to agree, but we are very happy."

"ငါ အခု အခြေတကျ ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က Barbara နဲ့ လက်ထပ်ခဲ့တယ်။ သူကို မြင်မြင်ချင်းပဲ သူဟာ ငါလက်ထပ်လိုတဲ့ မိန်းခလေးပါလားလို့ စိတ်ထဲခံစားရမိလိုက်တယ်။ လက်ထပ်ဖို့ သူသဘောတူအောင် သုံးနှစ်တောင် စောင့်ခဲ့ရတယ်။ ဒါပေမယ့် ငါတို့ အခုတော့ သိပ်ပျော်နေကြပြီ။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG