သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးစရိတ် လျော့ကျစေမယ့် အစီအစဉ် အိုဘားမား ကြေညာ


အမေရိကန်မှာ လာမယ့် ၁၀ နှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု စရိတ်စက
တက်လာနိုင်မယ့်အထဲက ဒေါ်လာသန်းပေါင်း ၂,၀၀၀,၀၀၀ အထိ သက်သာစေမယ့်
အစီအစဉ်တွေကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က
ကြေညာပါတယ်။

သမဂ္ဂတွေ၊ ဆေးရုံတွေ၊ ဆေးဝါးကုမ္ပဏီတွေ အပါအဝင် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း
ထဲမှာ လုပ်နေကြတဲ့ အုပ်စုတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ မစ္စတာအိုဘားမားက ဝါရှင်တန်
မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ပါတယ်။ ကျန်းမာရေးအဆိုပြုချက်ကို ဆွေးနွေးဖို့အတွက်
အဲဒီလို သမ္မတက တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အထူးတလည် အကျိုးရလဒ်ထွက်ပေါ်လာ
တဲ့ အစည်းအဝေး ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုမှာ စရိတ်စကတွေ တက်လာတာအပေါ် ၂၀၁၀ ကနေ
၂၀၁၉ အထိ တနှစ်ကို ၁.၅% ချသွားမယ်လို့ သမ္မတက ဆိုပါတယ်။ ဒါဟာ အရင်က
မရှိခဲ့ဘူးတဲ့ ကတိကဝတ်ပြုချက် ဖြစ်ပါတယ်။

နှစ်အနည်းငယ်အတွင်းမှာ မိသားစုတစုကို ဒေါ်လာ ၂,၅၀၀ လောက် သက်သာစေလိမ့်
မယ်လို့ အိမ်ဖြူတော်က ခန့်မှန်းပါတယ်။ ဒါပေမယ့် အဲဒီအုပ်စုတွေ ကတိတည်အောင်
အိုဘားမား အစိုးရက လုပ်မလား၊ မလုပ်ဘူးလား ဆိုတာကတော့ မသဲကွဲသေးပါဘူး။

ကျန်းမာရေးစောင့်ရှောက်မှု စရိတ်စကတွေက ထိန်းမနိုင် သိမ်းမရ ကြီးမားလာနေပြီး
ပြုပြင်ပြောင်းလဲရေးကို ရွှေ့ဆိုင်းလို့မဖြစ်ဘူးလို့ သမ္မတ ဘရက်ခ် အိုဘားမားက
ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG