သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-အီရန် မတူခြားနား တရားစီရင်မှု


အီရန် (Iran) နိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁၀၊ ၂၀၀၉ နေ့မှာ ဖမ်းဆီးအချုပ်နှောင်ခံရတဲ့ အီရန်နွယ်ဖွား အမေရိကန် အမျိုးသမီး သတင်းသမား ရော့က်စ်ဇန်နာ စဘရီ (Roxana Saberi) မေလ ၁၁၊ ၂၀၀၉ နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။ သတင်းထောက်၊ သတင်းစာသမား၊ စာနယ်ဇင်းသမား အများအပြား ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရတဲ့ မြန်မာနိုင်ငံသားများအဖို့ ဒီ သတင်းက အထူးစိတ်ဝင်စားစရာ သတင်းတပုဒ်ဖြစ်ပါလိမ့်မယ်။ အီရန်နိုင်ငံ နဲ့ မြန်မာနိုင်ငံတို့မှာ ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်ခွင့် အကင်းမဲ့ဆုံး၊ သတင်းထောက်များအတွက် အန္တရာယ်အများဆုံး နိုင်ငံများအဖြစ် သတ်မှတ်ခံထားရပါတယ်။ အီရန်-အမေရိကန် နိုင်ငံသားအဖြစ်ခံရယူထားတဲ့ ရိုဇနာ ကို အီရန်အစိုးရက နိုင်ငံတော်လျှိုဝှက်ချက်များကို ပြည်ပနိုင်ငံများကို ပို့ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အဖမ်းခံရခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလို မတရားစွပ်စွဲချက်များနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေများစွာ ရှိနေပါတယ်။ ရိုဇနာ, ကို နိုင်ငံရေးအရ ဖမ်းဆီးခဲ့တယ်၊ နိုင်ငံရေးအရ ပြန်လွတ်ပေးလိုက်တယ်လို့ ပြောဆိုသုံးသပ်နေကြပါတယ်။

မြန်မာနိုင်ငံ နဲ့ အီရန်နိုင်ငံတို့ကြား ထူးခြားချက်တချက်ကတော့ တရားစီရင်ရေး မတူကွဲပြားခြင်း ဖြစ်ပါတယ်။ ဒီသုံးသပ်ချက်ကို ပိုမိုသိရှိနိုင်ဖို့ ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာဌာန) က အာရှလူ့အခွင့်အရေး ကော်မရှင် (Asian Human Rights Commission) မှာ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ နော်ဝေနိုင်ငံရောက် ရှေ့နေ ဦးမင်းလွင်ဦး နဲ့ မြန်မာသတင်းသမဂ္ဂ (Burma Media Association) ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် တို့ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG