သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဗိုလ်မှုးချုပ် KNLA လက်ချက်ကြောင့် ကျဆုံး


ကရင်အမျိုးသား အစည်းအရုံး ကေအန်အယ်အေ တပ်မဟာ (၂)နယ်မြေခံတပ်တွေ နဲ့ မြန်မာ စစ်အစိုးရ တပ်တွေ ၁၁ရက်နေ့က ကရင်ပြည်နယ် သံတောင် မြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မြန်မာစစ် အစိုးရဘက်က စစ်ကွပ်ကဲရေး ဌာနချုပ် (၅)မှူး ဗိုလ်မှူးချုပ် ကောင်းမြတ် ကျဆုံး သွားခဲ့ပါတယ်။ မအေးမာက သတင်း ပေးပို့ထားပါတယ်။

ရင်ဆိုင်တိုက်ပွဲ မကြာခဏ ဖြစ်နေတဲ့ ကြားက အခု ပစ်ခတ်မူကတော့ လမ်းဖြတ်ကူးဖို့ စောင့်နေတဲ့ ကေအန်အယ်အေ တပ်ဖွဲဝင်တွေနဲ့ ဗိုလ်မှူးချုပ်ကောင်းမြတ် စီးလာတဲ့ ကားတန်းတွေ ဆုံပြီး ပစ်ခတ်မူ ဖြစ်ခဲ့တာပါ။

ကရင်အမျိုးသား အစည်းအရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေကတော့
“ပစ်တာ ၁၀ မိနစ်လောက်ကြာတယ်။ ကားတစ်စီး ကောင်းကောင်း ထိမှန်သွားတယ်။ လွန်ခဲ့တဲ့ ၈ရက်နေ့ လောက်တုံးက စကခ ၅မှူး သူ့ရဲ့ လက်နက်ကြီး စခန်းတွေ စစ်ဆေးဖို့အတွက် သွားတဲ့အခါမှာ ကြည့်လိုက် တော့ ကားမောင်းသမားအနီးမှာ ရှိတဲ့ လူတွေ မှန်သွားပြီးတော့ ကားက ရပ်သွားတယ်။ ဆက်ပြီး ပစ်ကြတော့ ကားလဲ တော်တော်လေး ကြေမွသွားတော့ စကခမှူးလည်း ပါနိုင်တယ်လို့ တွက်ပြီး သတင်းပြန် လိုက်တယ်။ သတင်းတွေ ပြန်ကြည့်တဲ့အခါမှာ အဲဒီနေ့က ၁၁နာရီခွဲ ပစ်တဲ့ပွဲမှာ ကားမောင်းသမား ဘေးမှာ ထိုင်တဲ့သူက စကခ ၅မှူးပေါ့။ ဗိုလ်မှူးချုပ် ကောင်းမြတ် ထိမှန်ပြီး ချက်ခြင်း သေသွားတယ်လို့ သတင်းရတယ်။ သူ့ရဲ့ အလောင်းကို ညတွင်းချင်း နေပြည်တော် ပြန်ပို့လိုက်တယ်လို့ သတင်းရပါတယ်။”

ကရင်လူထုတွေအပေါ်မှာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံသူအဖြစ် နာမည်ကြီးပြီး ကရင် ဒေသတွင်းမှာ လူအခွင့်ရေး ချိူးဖောက်မူတွေ လုပ်တယ်ဆိုပြီး ဆက်ပြောပြပါတယ်။

“သူက စခက ၅ တို့ ၆တို့ထဲမှာ သူက အကြမ်းဆုံး၊ အရမ်းဆုံးပေါ့။ အဲဒီနယ်မြေထဲမှာ ပေါ်တာဆွဲတာတို့၊ ရွာတွေကို ပိတ်ပြီးတော့ အပြင်ထွက်ခွင့်မပေးတာတွေ၊ ရိက္ခာ သယ်ပို့ခွင့် မပေးတာတွေ၊ နွေရာသီချိန်မှာ မီးရှို့တာတွေ၊ ကားလမ်းမနဲ့ နီးတဲ့ နေရာမှာ တောင်ပေါ်က လူတွေ ရိက္ခာ ဝယ်ပြီး အပြန်မှာ စောင့် ပစ်တာ တွေ၊ ရွာပုန်း ရွာရှောင်တွေ ရှိတဲ့ နေရာမှာ ဝင်ပြီး ရှင်းတာ၊ ပစ်တာတို့၊ ဗုံးတွေ ထောင်တာတို့ အင်မတန် နာမည်ကြီးတယ်လေ။ ရွာပုန်း ရွာရှောင် ရှိလိမ့်မယ်လို့ ထင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ၁၀လုံး အလုံး ၂၀လောက် ပစ်ချတာတွေတို့ပေါ့။”

အဲဒီနေ့ ညနေပိုင်းမှာပဲ တိုက်ပွဲတချို့ ဆက်ဖြစ်ခဲ့ပြီး စစ်အစိုးဘက်က ချောဆွဲလာတဲ့ ကား ထိမှန်ပြီး ကားထဲ က လက်နက်ကြီး ကျည် ထိမှန်ပြီး မီးလောင်မူ ပေါက်ကွဲမူ ဆက်ဖြစ်တဲ့ အကြောင်း ကေအန်ယူဘက်က ပြောပါတယ်။ ဗိုလ်မှူးချုပ် ကောင်းမြတ် သေဆုံးသွားမူနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ မြန်မာ စစ်အစိုးရ ဘက်က တပ်စခန်းတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG