သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ တလကြာ ရွေးကောက်ပွဲ ပြီးဆုံး


အိန္ဒိယနိုင်ငံရဲ့ တလအကြာ အထွေထွေ ရွေးကောက်ပွဲ ပြီးဆုံးသွားခဲ့ပါပြီ။ အဆင့် ၅ ဆင့်နဲ့ ပါလီမန် အမတ် နေရာ ၅၄၃ နေရာ အတွက် သန်းချီတဲ့ လူတွေ မဲပေးခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ မဲရုံတွေကို ပိတ်ခဲ့ပါတယ်။ မဲအားလုံး ရေတွက်အပြီးမှာ စနေနေ့မှာ ရလာဒ်ကို ကြေညာမှာပါ။ အာဏာရ ကွန်ဂရက် ပါတီရော၊ ဟိန္ဒူအမျိုးသား ပဒါတီးရက် ဂျနာတာ ပါတီပါ၊ ဘယ်ပါတီကမှ အမတ်နေရာ အများစုရပြီး တပါတီတည်း အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ မမျှော်လင့်ကြကြောင်း သုံးသပ်သူတွေက ပြောကြပါတယ်။ ဒါကြောင့် အစိုးရသစ်ဖွဲ့ဖို့ မဟာမိတ်သစ် ရအောင် အပေးအယူတွေကို ပါတီတွေက လုပ်ကြရမှာပါ။

မဲပေးနိုင်သူ ၇၁၄ သန်း ရှိတာမို့ အိန္ဒိယနိုင်ငံက ဝန်ထမ်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ နိုင်နိုင်နင်းနင်း လုပ်နိုင်အောင် အဆင့်တွေ ခွဲပြီး ရွေးကောက်ပွဲကို လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ကက်ရှ်မီးယား ပြည်နယ်မှာတော့ ခွဲထွက်ရေးသမားတွေက ရွေးကောက်ပွဲ တွေကို ကန့်ကွက်တဲ့ အနေနဲ့ သပိတ်မှောက်နေကြပါတယ်။ ကက်ချမီးယားကို အိန္ဒိယက အုပ်ချုပ်နေတဲ့အပေါ် မဲပေးလိုက် တာကြောင့် တရားဝင်ကြောင်း အသိအမှတ်ပြုပေးရာ ရောက်လိမ့်မယ်လို့ သူတို့က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG