သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာဆေးရုံ တိုက်ခိုက်ခံရမှု အရပ်သား ၅၀ဦး သေဆုံး


သီရိလင်္ကာ မြောက်ပိုင်း စစ်ဖြစ်နေတဲ့ ဒေသမှာ တခုတည်း ကျန်နေတဲ့ စစ်ဆေးရုံကို ဒီနေ့ မော်တာ ကျည်ဆံ ထိမှန်ခဲ့တာ ကြောင့် လူနာ ၅၀ သေဆုံးခဲ့ရတယ်လို့ ဆေးရုံတာဝန်ကျ ဆရာဝန်က ပြောဆိုလိုက်ပါတယ်။ မနေ့က အလားတူ မော်တာ ကျည်ဆံ ထိမှန်ခဲ့လို့ လူနာ ၄၇ယောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ရဲ့ ဝန်ထမ်းနဲ့ သူ့ရဲ့မိခင် ဖြစ်သူဟာလည်း အဲဒီမော်တာ ကျည်ဆံကြောင့် သေဆုံးခဲ့ရတယ် လို့ ICRC က ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်လဲ ဆိုတာကိုတော့ ICRC က ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ သီရိလင်္ကာ စစ်တပ်နဲ့ တမီလ် ကျားသူပုန်တွေရဲ့ တိုက်ပွဲတွေဟာ ၂ရက် ဆက်တိုက်ဆိုသလို ပြင်းထန် လွန်းလို့ ICRC က ဆေး ပစ္စည်းတွေ ဖြန့်ဖြူးဖို့ အခက်အခဲတွေ တွေ့နေရပါတယ်။ အဲဒီဒေသမှာ သီရိလင်္ကာ စစ်တပ်က လူဦးရေ ထူထပ်တဲ့ နေရာတွေမှာ လက်နက်ကြီးတွေ မသုံးဘူးလို့ ပြောထားပေမဲ့ ဂြိုလ်တု သတင်းဓာတ်ပုံတွေ အရ ကွဲလွဲနေတယ်လို့ HRW Human Right Watch လူ့အခွင့်ရေး စောင့်ကြည့်တဲ့ အဖွဲ့က ဝေဖန်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG