သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးပြောသလောက် မြန်မာနိုင်ငံမှာ စပါးထွက်ပါသလား


မေ ၁၁၊ ၂၀၀၉ - မြန်မာနိုင်ငံမှာ စပါးတင်း သန်း ၁၆၀၀ ထိ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်လာပြီ ဖြစ်တဲ့အတွက် လူဦးရေ သန်း ၁၀၀ အထိ ဖြစ်လာလည်း စားနပ်ရိက္ခာအတွက် ပူပန်ဖို့မရှိဘူးလို့ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောခဲ့ပါ တယ်။ ပိုလျှံတဲ့ဆန်တွေကို ပြည်ပတင်ပို့ရောင်းချခွင့်ပြုထားပေမယ့် မကြာသေးခင်ရက်ပိုင်းကပဲ ဆန်တင်ပို့သူတွေအတွက် စည်းကမ်းချက်အသစ်တွေ ထုတ်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံ ဆန်ကုန်သည်တွေကြားမှာ ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

ကမ္ဘာတဝန်းက ပွင့်လင်းမြင်သာမှုရှိတဲ့နိုင်ငံတွေ၊ လူထုအပေါ် တာဝန်ခံမှုရှိတဲ့ နိုင်ငံတွေ မှာ နိုင်ငံအကြီးအကဲတွေဟာ ဘာအထောက်အထားမှ ခိုင်ခိုင်လုံလုံမပြဘဲ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေတွေကို ပြောဆို လေ့မရှိသလို သူတို့ပြောမယ်ဆိုရင်လည်း ပြည်သူလူထုက ယုံကြည်မှာမဟုတ်ဘဲ လွတ်လပ်ပွင့်လင်းတဲ့ သတင်းမီဒီယာတွေ ကနေတဆင့် မေးခွန်းထုတ်ကြတာဟာ အသားကျနေပြီဖြစ်တဲ့ အလေ့အကျင့်တခုပါ။

မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံရဲ့ ဆန်စပါးထုတ်လုပ်နိုင်စွမ်းနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ တာမှာ သူပြောတာကို မှန်ကန်ပါတယ်လို့ လက်ခံနိုင်လောက်တဲ့ ဘယ်လိုအထောက်အထားမျိုးကိုမှ မပြောခဲ့၊ မပြခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီအဆိုကြောင့် နိုင်ငံရဲ့စီးပွားရေးအခြေအနေအပေါ် လူထုက ယုံကြည်မှုတိုးမလာတဲ့အပြင် မေးခွန်းထုတ်စရာ သံသယတွေသာ ပိုများလာတာကို ဒီအစီအစဉ်အတွက် ဆက်သွယ်မေးမြန်းခဲ့တာတွေကနေ သိခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG