သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့တောင်ဘက်ခြမ်းဒေသ တုပ်ကွေးရာသီ ဝက်တုပ်ကွေးကူးစက်မှု စိုးရိမ်ရ


မေလ ၁၃၊ ၂၀၀၉။ Influenza A H1N1 အမျိုးအစား ဝက်တုပ်ကွေးဗိုင်းရပ်ဟာ မက်ဆီကိုနိုင်ငံမှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပေမဲ့ အခြားတိုင်းပြည်တွေမှာတော့ မျှော်မှန်းထားသလောက် ပြင်းထန်တဲ့တုပ်ကွေး ဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့လည်း တုပ်ကွေးဗိုင်းရပ်တွေဟာ ကြိုတင်ခန့်မှန်း ပြောဆိုရခက်တယ်လို့တော့ ကျန်းမာ ရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အခုဆိုရင်ပဲ ကမ္ဘာတောင်ဘက်ခြမ်း အရပ် မှာ တုပ်ကွေးရာသီ စနေပြီဆိုတော့ ဆင်းရဲပြီး လူထုကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့ ကမ္ဘာတောင်ဘက်ခြမ်းက တတိယကမ္ဘာ့နိုင်ငံတွေအတွက် စိုးရိမ် စရာ ရှိလာပါတယ်။

တုပ်ကွေးဗိုင်းရပ် မျိုးစိတ်သစ်အတွက် ကာကွယ်ဆေးထုတ်ဖို့ရာ ၄လကနေ ၆လ အထိ အချိန်ယူရမယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ ဒါကြောင့်လည်း ဆေးကုမ္ပဏီတွေအနေနဲ့ အခုကတည်းက ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်လို့ WHO က နှိုးဆော်နေပါတယ်။ ကမ္ဘာတောင်ဘက်ခြမ်း နိုင်ငံတွေမှာ တုပ်ကွေးရာသီရောက်လာရင် ဒီဗိုင်းရပ်ဟာ ပိုအားကောင်းတဲ့ ရောဂါပိုး ဖြစ်လာမှာကို ကျန်းမာရေးကျွမ်းကျင်သူတွေက စိုးရိမ်နေပါတယ်။ ကမ္ဘာမြောက်ဘက်ခြမ်းနိုင်ငံတွေမှာလည်း မကြာခင် လတွေဆို တုပ်ကွေးရာသီ ဝင်လာတော့မှာပါ။ ဒါပေမဲ့ ဒီတုပ်ကွေးဗိုင်းရပ် ကာကွယ်ဆေးကို လာမယ့် စက်တင်ဘာလမှာ အစောဆုံးထုတ်လုပ်ရရှိမယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။

တကမ္ဘာလုံးမှာ ဝက်တုပ်ကွေး ကူးစက်လာမယ့် အန္တရာယ်ဖြစ်လာရင် ဘယ်လို ထိန်းချုပ်မလဲ စဉ်းစားချက်တွေ ပြင်နေကြ သလို၊ ကမ္ဘာတောင်ခြမ်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံတွင်းမှာလည်း ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ အစိုးရ အာဏာပိုင်တွေ ပေါင်းပြီး ရောဂါစောင့်ကြည့်ရေးအစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။ အခုအပတ် ကျန်းမာရေးအစီအစဉ်မှာ နားဆင် ကြည့်ပါ။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG