သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့ရဲ့နေအိမ်ခြံဝန်းထဲကို
အမေရိကန် နိုင်ငံသားတဦး လျှို့ဝှက် ရေကူးဝင်ရောက်ခဲ့တဲ့ကိစ္စနဲ့ဆက်စပ်ပြီး အာဏာ
ပိုင်တွေက တရားစွဲဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင်း အများ
ပြည်သူ ဝင်ရောက် ကြည့်ရှု နားထောင်ခွင့်မရတဲ့ အထူးတရားရုံးတခုကနေ အခုလို
စွဲဆိုလိုက်တာပါ။

လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားပြီး နာရီဝက်လောက်ပဲကြာတဲ့ ပထမဆုံးအကြိမ်
ကြားနာမှုကနေ နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့
အပေါ် အရေးယူထားတဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမယ့်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ ဒီအမှုကို သူ မကျူးလွန်ဘူးဆိုပြီး တုန့်ပြန်
ခဲ့တယ်လို့ အင်းစိန်ထောင်တွင်း တရားခွင်ကို ရောက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဥပဒေအကျိုးဆောင် ရှေ့နေဦးကြည်ဝင်းက ပြောပါတယ်။

"အမှုက ၁၈ ရက်နေ့ကို ချိန်းလိုက်တယ်။ ပုဒ်မက ၂၂၊ အခု တရားစွဲထားတဲ့ ဥပဒေပဲ။
နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်
ခြင်း ဥပဒေကို ဖောက်ဖျက်တယ်ပေါ့။ တုန့်ပြန်ချက်ကတော့ သူမကျူးလွန်ဘူးတဲ့။ အခု
ပုဒ်မ ၂၂ ကို၊ အဲလိုပြောတယ်။"

အလားတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖော်အဖြစ် နေထိုင်သူတွေဖြစ်ကြတဲ့ ဒေါ်ခင်ခင်
ဝင်းနဲ့ သမီးဖြစ်သူ မဝင်းမမတို့ကိုတော့ ပုဒ်မ ၂၂ ကျူးလွန်ရာမှာ အားပေးကူညီသူတွေ
အဖြစ်နဲ့ တရားစွဲဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်း
စုကြည်နဲ့ သူတို့ နှစ်ဦးစလုံးကတော့ အာဏာပိုင်တွေ စွပ်စွဲသလို သူတို့မှာအပြစ်မရှိဘူး
လို့ ငြင်းပယ်ထားပါတယ်။

XS
SM
MD
LG