သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ နဲ့ အမေရိကန် မဟာဗျူဟာ


အမေရိကန် သမ္မတဟောင်း ဂျော့ချ်ဘုရှ် (George Bush) ရဲ့ ဒီမိုကရေစီရေးလမ်းစဉ်ဟာ အမေရိကန်ကို သိက္ခာကျစေပြီး ထိရောက်မှုမရှိတဲ့အတွက် သမ္မတ ဘာရက် အိုဘားမာ (Barack Obama) အစိုးရဟာ မဟာဗျူဟာ အသစ်ချမှတ်ဖို့ လုပ်ကိုင်ပြင်ဆင်နေပါတယ်။ ဒီအတောအတွင်း အိုဘားမား အစိုးရက ဒီအရေးကိစ္စကို ပြန်လည်ဆန်းစစ်နေချိန်မှာ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးဌာနက စာမျက်နှာ (၁၄၀) ပါရှိတဲ့ စာတမ်းကို လွန်ခဲ့တဲ့မတ်လက ထုတ်ဝေခဲ့ပြီး အကြံပေးထားပါတယ်။ ဒီမိုကရေစီ နဲ့ အမေရိကန်လုံခြုံရေး မဟာဗျူဟာလို့ အမည်ပေးထားပါတယ်။ မဟာဗျူဟာ နဲ့ နိုင်ငံတကာရေးရာမှာ ထင်ရှားတဲ့ ပညာရှင် (၄၀) ကျော်နဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြထားတဲ့အပြင် ဒီမိုကရေစီရေးရာမှာ ထင်ရှားတဲ့ ပညာရှင်သုံးဦးရဲ့ စာတမ်းအကြောင်းအရာများကို မျက်မှောက်ရေးရာ ဆောင်းပါးရှင် ဦးအောင်ခင် က မညိုညိုလွင် (ဗွီအိုအေမြန်မာ) နဲ့ အတူ သုံးသပ်တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG