သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်ဖို့အဆင်သင့်ရှိ


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာ ရှိနေသလို မြန်မာစစ်အစိုးရက စွဲချက်တင်လိုက်တဲ့ အမှုအသစ်အတွက်လည်း ရင်ဆိုင်ဖို့ အဆင်သင့်ပဲလို့ ပြောကြားလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ရှေ့ နေ ဦးညဏ်ဝင်းက ဆိုပါတယ်။ ရှေ့ နေဦးကြည်ဝင်းက သူ့အမှုသည် ဒေါ်အောင်ဆန်းစုကြည်ကို စနေနေ့က အင်းစိန်ထောင်မှာ တွေ့ခွင့်ရခဲ့တယ်လို့ ဗွီအိုအေကို ပြောခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ လွတ်လွတ်လပ်လပ် ရှိသလို တွေ့ဆုံချိန်ကို ကန့်သတ်ထားတာ မရှိ ဘူးလို့လည်း ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တားဆီးမိန့်ထုတ်ထားရာမှာ နိုင်ငံခြားသံတမန်တွေနဲ့ မတွေ့ဆုံဖို့နဲ့ နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေနဲ့ မတွေ့ ဆုံဖို့အပြင် နေအိမ်ကနေ အပြင်မထွက်ခွာဖို့ အဓိက ဖြစ်လို့ အခု ဒေါ်အောင်ဆန်းစုကြည် ခြံထဲကို ခိုးဝင်လာတဲ့ အမေရိကန်နိုင်ငံသား ဂျွန် ယက်ထောကို ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်တာ မဟုတ်သလို အာဏာပိုင်တွေရဲ့  အတားအဆီး အစောင့်အကြပ်တွေ ကြားထဲက ၀င်ရောက်လာတာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်မှာ ဥပဒေကြောင်းအရ အပြစ်မရှိဘူးလို့ ရှေ့နေ ကြီး ဦးကြည်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ဝန်းထဲမှာ ထားရှိပြီး တနင်္လာနေ့မှာ ပုဒ်မ ၂၂နဲ့ ရုံးထုတ်မှာ ဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒေါ်ခင်ဝင်းတို့ သားအမိလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို အခုလို ထပ်ပြီး တရားစွဲဆိုတာနဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန် အပါအ၀င် ကမ္ဘာ့ နိုင်ငံတွေရဲ့  ခေါင်းဆောင်တွေက ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာ စစ်အစိုးရကို တောင်းဆိုခဲ့ကြ ပါတယ်။ ဒေသတွင်း နို်င်ငံတွေဖြစ်တဲ့ ထိုင်း၊ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်အတွက် စိတ်ပူကြောင်း ပြောခဲ့ကြပါတယ်။ ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီး အလ်ဘာတို ရိုမူလို ကလည်း ဒေါ်စုကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တမင် ဥာဏ်ဆင် စွဲချက်တင်ပြီး အင်းစိန်ထောင်ကို ပို့ခဲ့တဲ့အပေါ် ဖိလစ်ပိုင် အစိုးရအနေနဲ့ သိပ်ကို ဒေါသထွက်ပြီး စိတ်အနှောက်အယှက် ဖြစ်ရတယ်လို့ မစ္စတာရိုမူလိုက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG