သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာကျားသူပုန်တွေ အပစ်ရပ်ကြပြီ


သီရိလင်္ကာ ပြည်တွင်းစစ်မှာ သူတို့ ရှုံးတာကို တမီးလ်ကျားသူပုန်တွေက ဝန်ခံလိုက်ပါတယ်။ တမီးလ်နယ်မြေ လွတ်လပ်ရေး အတွက် နှစ်ပေါင်း ၂၅ နှစ် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်၊ အခုလို သူပုန်တွေ ရှုံးနိမ့်သွားတာပါ။ တမီးလ် ပြည်သူတွေကို သတ်ဖို့ အတွက် အစိုးရက သူပုန်တွေအပေါ် အကြောင်းရှာ ဆင်ခြေ မပေးနိုင်အောင် အပစ်ရပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်လို့ သူပုန်တွေ ရဲ့ နိုင်ငံတကာ ဆက်ဆံရေး အကြီးအကဲ Selvarasa Pathamanathan ဆယ်ဗာရာစာ ပသာ မနာသန် က ဆိုပါ တယ်။ နိုင်ငံတကာက ဝင်ရောက်စွက်ဖက်ပေးဖို့ သူပုန်တွေက တောင်းခံခဲ့ပေမဲ့ အရာမထင်ခဲ့ဘူး လို့လည်း သူက ပြောပါ တယ်။

ဒီ အချိန်မှာပဲ သမ္မတ Mahinda Rajapaksa မဟိန္ဒာ ရာဇ ပက်သ ဟာ ဂျော်ဒန် နိုင်ငံက ပြန်လည် ရောက်ရှိလာရာမှာ သူတို့ ရဲ့ သူရဲကောင်းတစ်ယောက်လို ကြိုဆို နှုတ်ဆက်ကြပါတယ်။ အောင်ပွဲရပေမဲ့ သိရိလင်္ကာနိုင်ငံအဖို့ ပေးဆပ်ရတာတွေက ကြီးမား လှပါတယ်။ ဇန်နဝါရီ လကတည်း ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ အရပ်သား ၆၅၀၀ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ က ခန့်မှန်းပါတယ်။ သူပုန်တွေ ကို ရော၊ သီရိလင်္ကာ အစိုးရ ကပါ၊ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာ ရှိမရှိ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တောင်းဆို ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG