သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်း ရှေ့နေတွေချေပ


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဥပဒေ ချိုးဖောက်တယ်ဆိုပြီး မြန်မာစစ်အစိုးရက မေလ ၁၄ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင် အထူးတရားရုံးကနေ တရားစွဲဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အမေရိကန်နိုင်ငံသား ဂျွန်ဝီလံယမ် ယက်ထော (John William Yattaw) ဆိုသူ တိတ်တဆိတ် ဝင်ရောက်ခဲ့တာကြောင့် အပြင်လူနဲ့ မဆက်သွယ်ရဘူးဆိုတဲ့ ကန့်သတ်ချက်ကို ချိုးဖောက်တယ်လို့ စွတ်စွဲပြီး ပုဒ်မ (၂၂) နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မေလ ၁၄ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ကနေ အင်းစိန်ထောင်ထဲမှာ ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပထမဆုံး အင်းစိန်အကျဉ်းထောင်မှာ ရုံးတင် တရားစွဲဆိုတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဖြစ်တဲ့ ဦးကြည်ဝင်း နဲ့ ဦးလှမျိုးမြင့် တို့ အင်းစိန်အကျဉ်းထောင်ကို သွားရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့ သက်တမ်းကုန် ဆုံးခါနီးမှာ ဒီလိုတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုလို တရားစွဲဆိုတာကို ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့ ကြေညာချက် တစောင်ထုတ်ပြန်လိုက်ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ အမုန်းတရားကို ရှေ့တန်းမတင်သင့်ဘဲ တိုင်းပြည်ရဲ့ အကျိုးကို ရှေ့ရှုသင့်တယ်လို့လည်း သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG