အိန္ဒိယ-မြန်မာနယ်ခြားမှာ မြန်မာနိုင်ငံဖက်က တရားမဝင် သစ်ခုတ်ခြင်း၊ မှောင်ခိုကူးမှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ အကြီးအကျယ် ပေါ်ပေါက်နေတဲ့အကြောင်း ပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့တွေက သတိပေးပြောဆိုနေပါတယ်။ နှစ်နိုင်ငံနယ်ခြားဒေသမှာ လုံခြုံရေးအားနည်းတာတွေ နဲ့ လာဘ်ပေးလာဘ်ယူခြစားမှုတွေကြောင့် နယ်စပ်ဒေသက အာဏာပိုင်တွေက သစ်ခိုးခုတ်မှုတွေကို ထိထိရောက်ရောက် အရေးမယူနိုင်တဲ့အကြောင်း ပြောဆိုကြပါတယ်။ အသေးစိတ်ကို မနော်ရှိုးက တင်ပြထားပါတယ်။