သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ ကျားသူပုန်ခေါင်းဆောင် ကျဆုံး


LTTE တမီးလ်ကျားသူပုန်အဖွဲ့ခေါင်းဆောင် ဗယ်လ်လူပီလိုင်း ပရာဘာကာရန်း (Velupillai Prabhakaran) သေဆုံးသွားပြီလို့ သီရိလင်္ကာ အစိုးရပိုင် ရုပ်မြင်သံကြား သတင်းမှာ ကြေညာလိုက်ပါတယ်။

တမီးလ်ခေါင်းဆောင် ပရာဘာကာရန်းဟာ စစ်ဖြစ်နေတဲ့ ဒေသတွင်းကနေ တနင်္လာနေ့ အစောပိုင်းတုန်းက လူနာတင်ကားနဲ့ ထွက်ပြေးဖို့ ကြိုးစားနေတုန်း အသတ်ခံလိုက်ရတာလို့ အစောပိုင်းက သတင်းတွေမှာ ဖော်ပြထား ပါတယ်။ ပရာဘာကာရန်းဟာ သူ့ရဲ့လက်ထောက် ၂ ယောက်နဲ့တူ သေဆုံးသွားတာလို့ သီရိလင်္ကာ စစ်ဘက်အရာရှိတွေက ပြောပါတယ်။

သေဆုံးသူဟာ ပရာဘာကာရန်းဖြစ်တယ်ဆိုတာ သေချာအောင် စစ်ဆေးပြီးမှ
တရားဝင်ထုတ်ပြန် ကြေညာမယ်လို့ သမ္မတ မဟင်ဒါ ရာဂျာပက်ခ်ဆာ (Mahinda
Rajapaksa) ရုံးက အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

ကျားသူပုန်တွေလုပ်နေတဲ့ စစ်ဆင်ရေးတိုက်ပွဲတွေ ပြီးဆုံးသွားပြီလို့ သီရိလင်္ကာ
စစ်ဦးစီးချုပ်က တနင်္လာနေ့မှာ ကြေညာလိုက်တဲ့အတွက် ၁၉၈၃ ခုနှစ်နောက်ပိုင်း
သီရိလင်္ကာ ဗဟိုအစိုးရက ပထမဆုံးအကြိမ် တတိုင်းပြည်လုံးကို ထိန်းချုပ်နိုင်တော့မှာ
ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာရှိတဲ့ တမီးလ်လူမျိုးတွေ ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိဖို့
အတွက် လွန်ခဲ့တဲ့ ၂၆ နှစ်ကစပြီး တိုက်ပွဲဝင်ခဲ့ကြတာပါ။ တော်လှန်ရေးကာလအတွင်း
နှစ်ဘက် အသေအပျောက် ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG