ဒီတပတ်တင်ပြတဲ့ အီဒီယံအသုံးအနှုန်းများကတော့ bread and butter, butter fingers, to butter up နဲ့ butter ball တို့ ဖြစ်ပါတယ်။
ပိန်မှလှတယ်ဆိုတဲ့
ယနေ့ခေတ်ကာလမှာ ပေါင်မုန့်ပေါ်မှာ ရွှေဝါရောင် ထော်ပတ်ကိုသုတ်စားဖို့
ဝင်လေးတဲ့ခေတ် ဖြစ်လာပါပြီ။ ထော်ပတ်ထဲမှာ cholesterol အဆီအနှစ်တွေ
အလွန်များလို့ စိုရိမ်ကြတဲ့ အခြေအနေမျိုးကြောင့် ဖြစ်ပါတယ်။
ကျန်းမာရေးကြောင့် ထောပတ်ဟာ တချိန်တုန်းကလို အမေရိကန်မိသားစု စားပွဲမှာ
အမြဲမပါတော့ပါဘူး။ ဒါပေမယ့် နေ့စဉ်သုံး အီဒီယံဘန်းစကားမှာတော့
နေရာယူလျှက်ရှိနေဆဲ ဖြစ်ပါတယ်။
Bread and Butter - Bread
(ပေါင်မုန့်)၊ Butter (ထောပတ်)။ ပေါင်မုန့်ထောပတ်သုတ် လို့
တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ အသက်ရှင်နေထိုင်ဖို့
အခြေခံလိုအပ်ချက်ကို ဆိုလိုတာဖြစ်ပါတယ်။ Bread အနေနဲ့ မြန်မာတို့အတွက်တော့
ထမင်း စားစရာ သဘောဖြစ်ပါတယ်။ ထမင်းအို ကွဲတယ်ဆိုရင် နေစဉ် စားသောက်ဖို့
စရိတ် အခက်အခဲ ရှိတဲ့သဘောဖြစ်ပါတယ်။ ဥပမာ - အလုပ်ပြုတ်လို့ တွေ့ကြုံရတဲ့
အခြေအနေမျိုးပေါ့။
"Cooking hamburger at the McDonald's is not
the job I expected to get with my degree in business administration,
but at least it's my bread and butter until I find a job that suits my
education better."
"McDonald's စားသောက်ဆိုင်မှာ
အသားညှပ်ပေါင်မုန့် လုပ်ပေးရတာ ကျနော်ရရှိခဲ့တဲ့ စီးပွားရေး
စီမံခန့်ခွဲမှုပညာဘွဲ့ နဲ့တော့ မကိုက်ညီပါဘူး။ ဒါပေမယ့် ကျနော့် ပညာနဲ့
ပိုသင့်မြတ်တဲ့ အလုပ်မရခင်မှာတော့ ဒီအလုပ်က ကျနော်အတွက် အနည်းဆုံးတော့
ထမင်းနှပ်မှန်အောင်စားရမဲ့ ဝင်ငွေရစေမယ့် အလုပ်ပေါ့ဗျာ။"
Butter
Fingers - Fingers (လက်ချောင်းများ)။ လုံးကောက်အဓိပ္ပါယ်ကတော့
ထောပတ်ပေနေတဲ့ လက်ချောင်းများ လို့ တိုက်ရိုက် ပြန်ဆိုနိုင်ပါတယ်။ ဒီလို
ထောပတ်ဆီတွေ ပေနေလို့ ပစ္စည်းတခုခုကို ကိုင်တွယ်ရာမှာ လက်မမြဲဘဲ
လွတ်ကျလွယ်တယ် သဘောဖြစ်ပါတယ်။ အီဒီယံမှာတော့ butter fingers ကို
ကိုရှပ်တိ၊ မရှပ်တိ၊ လက်မမြဲသူ၊ လက်မခိုင်သူကို ခေါ်ဆိုတာဖြစ်ပါတယ်။
"John
is the rocket scientist and is supposed to be smart. But, you ought to
see what a butter finger he is out around the house. For instance, if I
ask him to wash the dishes, he sures to drop a dish or a cup."
"John
ဟာ ရော့ခ်ကတ် ဒုံပျံဆိုင်ရာ သိပ္ပံပညာရှင်တဦးဖြစ်တဲ့အတွက်ကြောင့်
လူတော်ဖြစ်ရမယ်လို့ ယူဆကြမှာပါ။ ဒါပေမယ့် အိမ်ထဲမှာတော့ ဘယ်လောက်တောင်
ရှပ်တိရှပ်ပြာနိုင်သလဲ ဆိုတာ မြင်စေချင်လှတယ်။ ဥပမာတခုပြောရရင် သူကို
ပန်းကန်ဆေးခိုင်းလိုက်ရင် ပန်းကန်တလုံး သို့မဟုတ် ခွက်တလုံး ကွဲဖို့သာ
ပြင်ပေတော့။"
To Butter Up - သာမန်အားဖြင့် ထောပတ်လို့
အဓိပ္ပါယ်ရတဲ့ butter ကို နာမ်စားအဖြစ် အသုံးပြုပါတယ်။ ဒါပေမဲ့ butter up
စကားစုမှာတော့ butter ကို ကြိယာအဖြစ် up ဆိုတဲ့ ဝိဘတ် (preposition) နဲ့
တွဲသုံးထားတာဖြစ်ပါတယ်။ ဘန်းစကားအဖြစ် အခွင့်အရေးလိုချင်လို့
မျက်နှာလုပ်တဲ့သဘော၊ ဖားတဲ့သဘော ဖြစ်ပါတယ်။
"Everybody in the office is busy trying to butter up Julia since the word came out she will be promoted to vice-president."
"Julia
တယောက် ဒုတိယအကြီးအကဲအဖြစ် ရာထူးတက်တော့မယ်လို့ သတင်းထွက်လာကတည်းက
ရုံးထဲကလူတိုင်းက သူကိုဝိုင်းပြီး မျက်နှာလုပ်နေကြတာ
အလုပ်ကိုရှုပ်နေတာဘဲဗျာ။"
Butter Ball - Ball (ဘောလုံး)။ ထောပတ်လုံး
လို့ တိုက်ရိုက်ဘာသာပြန်ဆိုနိုင်ပါတယ်။ တနည်းအားဖြင့်
အဆီအစိမ့်တွေအစားများလို့ ဘာဖြစ်လာလဲဆိုတာကို ဒီ စကားလုံးက
အဖြေပေးနေပါတယ်။ 'ဝ' လာတာဖြစ်ပါတယ်။ မြန်မာတွေကတော့ 'ဝ' နေတာ
ဘောလုံးကျနေတာပဲ။ 'ဝ' နေတဲ့လူလာနေရင် ဘောလုံးကြီးလိမ့်လာနေပြီးလို့
ပြောဆိုကြပါတယ်။ ဝတဲ့ အမျိုးသမီးတွေကို ဒေါ်ရွှေလုံး၊ ယောက်ျားတွေကို
ကိုတုတ်ဖြိုးတို့၊ ကိုဆင်ပေါက်တို့၊ ဖိုဝရုပ်တို့ ခေါ်ကြပါတယ်။ ဒါကြောင့်
လုံးနေအောင် 'ဝ' ကြောင်း တင်စားပြောဆိုရင် butter ball ဘန်းစကားကို
သုံးစွဲနိုင်ပါတယ်။
"My boss really needs to go on diet and get
some exercises. All the rich foods he loves to eat is turning him into
a real butter ball."
"ကျနော့်ဆရာသမား အစားလျှော့စားပြီး
လေ့ကျင့်ခန်းလေး ဘာလေးလုပ်ဖို့ လိုနေပြီ။ အဆီအစိမ့်တွေ
စားကောင်းတိုင်းစားနေလို့ ဆရာသမားလည်း တဖြည်းဖြည်း 'ဝ' လုံး ဖြစ်လာပြီ။