သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၆ နှစ်ကြာ သီရိလင်္ကာ ပြည်တွင်းစစ် အဆုံးသတ်ကြောင်း သမ္မတ ကြေညာ


စစ်မြေပြင်ကရရှိတဲ့ အလောင်းဟာ တမီးလ်ကျားသူပုန်ခေါင်းဆောင် ဗယ်လ်လူပီလ်
လိုင်း ပရာဘာကာရန်း (Velupillai Prabhakaran) ရဲ့ အလောင်းဖြစ်ကြောင်း စစ်တပ်က
အတည်ပြု သတ်မှတ်နိုင်ခဲ့တယ်လို့ သီရိလင်္ကာနိုင်ငံ စစ်ဦးစီးချုပ်က အင်္ဂါနေ့မှာ
ကြေညာလိုက်ပါတယ်။

အဲဒီလို စစ်ဦးစီးချုပ်က ကြေညာလိုက်ပြီးနောက် သီရိလင်္ကာနိုင်ငံ ရုပ်သံလွှင့်က ပရာ
ဘာကာရန်းရဲ့အလောင်းကို ပြသပါတယ်။ မျက်နှာက ပျက်မသွားသေးဘဲ သူပုန်
ခေါင်းဆောင်ရဲ့မျက်နှာဆိုတာ အထင်အရှား မြင်တွေ့ရပါတယ်။ တမီးလ်ကျားသူပုန်
အမှတ်အသား ကတ်ပြားနဲ့ သူ့ရဲ့ စစ်ဘက်ဆိုင်ရာ ကိုယ်ပိုင်နံပါတ် တံဆိပ်ပြားကိုလည်း
ရုပ်သံလွှင့်က ပြသသွားပါတယ်။ သူပုန်တို့ကိုလိုလားတဲ့ တမီးလ်နက်ဝက်ဘ်ဆိုက်
ကတော့ ပရာဘာကာရန်း အသက်ရှင်နေဆဲပဲလို့ သူပုန်တို့က အခိုင်အမာပြောဆို
ကြောင်း စောစောပိုင်းမှာ ကိုးကားဖော်ပြခဲ့ပါတယ်။

သမ္မတ မဟင်ဒါ ရာဂျာပက်ခ်ဆာ (Mahinda Rajapaksa) က သီရိလင်္ကာ ပါလီမန်ကနေ
၂၆ နှစ်ကြာ ပြည်တွင်းစစ် အကြမ်းဖက်မှုအောက်ကနေ လုံးဝလွတ်မြောက်လာပြီလို့
နိုင်ငံကို မိန့်ကြားသွားပါတယ်။ တမီးလ်ဘာသာစကားနဲ့ သမ္မတက စစ်ပွဲဟာ တမီးလ်
ပြည်သူတွေအပေါ် ဆင်နွှဲတာမဟုတ်ဘူး၊ အခုအခါ အားလုံး တန်းတူညီမျှ နေနိုင်ကြပြီ
လို့လည်း ခပ်တိုတို ထည့်သွင်းပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG