ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေတဲ့ တတိယနေ့ တရားခွင်ကို မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံး တွေက သံတမန်တွေကို တက်ခွင့်ပြုခဲ့ပါတယ်။ အဲဒီထဲကမှ ကိုယ်တိုင် သွားတက်ခဲ့တဲ့ သံတမန်တဦးကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းခွင့်ရခဲ့တာကတော့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက တတိယအတွင်းဝန် မစ္စတာ Adi ပါ။ သူကတော့ အခုလို သမိုင်းဝင် တရားခွင်မျိုးကို ရှားရှားပါးပါး တက်ရောက်ခွင့်ရတဲ့အတွက် အတော် ဝမ်းသာပုံပါပဲ။
“ကျွန်တော် တရားခွင်ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒါ ရှားရှားပါးပါး အခွင့်ရတာပါ။ ကျွန်တော့်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် မြင်တွေ့ခွင့်ရတဲ့အတွက် ဝမ်းသာရပါတယ်။ ကြည့်ရတာတော့ ကျန်းမာရေးကောင်းပုံပါပဲ။ ပြီးတော့ ရဲရဲရင့်ရင့်နဲ့ ဘာကိုမှ ကြောက်လန့်နေတဲ့ပုံ၊ စိုးရိမ်နေတဲ့ပုံ မတွေ့ရပါ ဘူး။”
သံတမန်တွေကို တရားခွင် တက်ရောက် နားထောင်ခွင့်ပြုတယ်ဆိုပေမယ့် စကားပြန် မရှိတဲ့အတွက် မြန်မာ စကား နားမလည်တဲ့ မစ္စတာအာဒီတို့လို သံတမန်တွေ ဘာမှ မသိခဲ့ကြရပါဘူး။
“ဒီတရားစစ်ဆေးမှုဟာ မျှတတဲ့ တရားစစ်ဆေးမှု ဟုတ်-မဟုတ် ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော် တို့ကို စကားပြန်ခေါ်လာခွင့် မပြုသလို တရားရုံးမှာလည်း စကားပြန် မပေးပါဘူး။ ဒီတော့ ဘာတွေ ပြောကြ တယ်ဆိုတာ ကျွန်တော် မသိရပါဘူး။ ဒီအတိုင်း ထိုင်ကြည့်ပြီး ပြန်လာရတာပါပဲ။"
အင်းစိန်ထောင် ပတ်ပတ်လည်မှာ လုံခြုံရေးက အတော့်ကို တင်းကျပ်ထားတာပါ။ အဲဒီကြားထဲကပဲ တရားခွင် ကို နားထောင်ခွင့် ရလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စတင် စစ်ဆေးတဲ့နေ့ကတည်းက ထောင်ပတ်ဝန်းကျင် တဝိုက်မှာ လူတွေ စုဝေးနေခဲ့ကြပါတယ်။ ဒီအခြေ အနေကို မစ္စတာအာဒီက အတည်ပြုပြောပါတယ်။
“အင်းစိန်ထောင် အပြင်ဘက်မှာတော့ လူတွေ အများကြီး ကျွန်တော် တွေ့ခဲ့ရပါတယ်။ ထောင်သွားတဲ့ လမ်းမကြီးကို ပိတ်ထားပြီး ကားတွေသွားလို့မရပါဘူး။ လူတွေတော့ လမ်းလျှောက်သွားလို့ရပါတယ်။ ဒါပေမဲ့ ထောင်ရှေ့ကိုတော့ သွားလို့မရပါဘူး။ ပိတ်ထားတဲ့အပြင်ဘက်မှာ လူ ၂၀၀ လောက်ထိ စုဝေးနေတာ ကျွန်တော် တွေ့ခဲ့ရပါတယ်။ လုံခြုံရေးကလည်း အတော် တင်းကျပ်ပါတယ်။ စစ်တပ်ကိုတော့ မတွေ့ရဘဲ လက်နက်ကိုင်ရဲတွေကို တွေ့ခဲ့ရပါတယ်။”
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ဆေးနေတဲ့ တရားခွင် တတိယနေ့ကို တက်ရောက်ခွင့်ရခဲ့တဲ့ မြန်မာ နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက တတိယအတွင်းဝန် မစ္စတာ အာဒီ ပါ။
ဒီကနေ့ တရားခွင် အဆုံးသတ်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်း၊ စင်္ကာပူနဲ့ ရုရှားနိုင်ငံတို့က သံအရာရှိတွေနဲ့ အင်းစိန်ထောင်ထဲက ဧည့်ရိပ်သာတခုမှာ တွေ့ခွင့်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံကလာတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံက လက်ရှိ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ရဲ့အလှည့်ကျ ဥက္ကဋ္ဌ၊ စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်များအဖွဲ့ရဲ့ နာယက၊ ရုရှားနိုင်ငံကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌ အသီးသီးဖြစ်တဲ့ အတွက် ဒီသံတမန်သုံးဦးကို သီးခြား တွေ့ခွင့်ပေးတဲ့သဘောမျိုး သတင်းတွေမှာ ရေးသားကြပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်ခဲ့တာကတော့ ၂၀၀၇ ခုနှစ် အောက်တိုဘာလက လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ပါပဲ။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အခြေအနေတွေ ဖန်တီးဖို့ အရေးကြီးကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီနေ့ တရားခွင်ကို သံတမန်တွေ တက်ရောက်ခွင့် ပြုတာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ သခင်ချန်ထွန်းက မှန်ကန်တဲ့လုပ်ရပ်တခုလို့ သုံးသပ်ပါတယ်။
"ဒါကတော့နိုင်ငံကြီးသား (ပီသတယ်ဆိုတာ) ပြတဲ့သဘောမျိုးနဲ့ တက် နားထောင်ခွင့် ပေးတဲ့သဘော ဖြစ်တတ်ပါတယ်။ အစိုးရအနေနဲ့ ဒီလို ခွင့်ပြုတာဟာ မှန်ကန်တဲ့ လုပ်ရပ်လို့ပဲ မြင်ပါတယ်။"
သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းပါ။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားရုံးတင် စစ်ဆေးနေတဲ့ ကိစ္စကို ကမ္ဘာ့ နိုင်ငံ အသီးသီးနဲ့ သတင်းမီဒီယာတွေ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြ ကြောင်းပါ။