မေ ၁၈၊ ၂၀၀၉ - လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေအောက်မှာ
စီးပွားရေးနဲ့
စားဝတ်နေရေးအခြေအနေတွေ ဘယ်လိုရှိနေသလဲဆိုတာ ဒီသီတင်းပတ်ရဲ့ စီးပွားရေး
ကဏ္ဍမှာ
စူးစမ်းထားပါတယ်။
မြန်မာ့နိုင်ငံရေးအခြေအနေဟာ အကောင်းဘက်ကို တိုးတက်မလာတဲ့အပြင်
အဆုတ်
ဘက်ကို ပြနေတယ်လို့ ဒေသတွင်းနိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် အများစုက မြင်ကြ
ပါတယ်။
နေအိမ်အကျယ်ချုပ်ဘဝနဲ့ ခြောက်နှစ် နေခဲ့ရပြီးတဲ့နောက် ဒေါ်အောင်ဆန်း
စုကြည် လွတ်လာတော့လေမလားရယ်လို့
မဝံ့မရဲမျှော်လင့်နေကြချိန်မှာပဲ အင်းစိန်
အကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။
အခုလို နိုင်ငံရေးအခြေအနေ အဆုတ်ဘက် ပြသွားတဲ့အချိန်မှာ
စီးပွားရေး၊ စားဝတ်နေ
ရေး အခြေအနေတွေက ဘယ်လိုများရှိနေပါသလဲ၊ မကြာခင်ကာလအတွင်း ကောင်း
လာမယ်လို့ရော
ယူဆကြပါသလား။
နိုင်ငံရေးအခြေအနေ မတင်မကျနဲ့ သို့လော သို့လောဖြစ်နေပေမယ့်
မြန်မာနိုင်ငံရဲ့
စီးပွားရေးက အပြင်နဲ့ ဆက်သွယ်လုပ်ကိုင်တာမျိုးတွေ၊ အပြင်က ရင်းနှီးမြှုပ်နှံတာတွေ
အများကြီးမရှိတာမို့ နိုင်ငံရေးအရ တခုခုဖြစ်လိုက်ရုံနဲ့ စီးပွားရေးဘက်ကို ရုတ်တရက်ကြီး
သက်ရောက်မှုမရှိဘူးလို့ ရန်ကုန်မြို့ခံ စီးပွားရေးသမားတဦးက သုံးသပ်ထားပါတယ်။
ဒီလို မရိုက်ခတ်ဘူးဆိုပေမယ့် စီးပွားရေးတိုးတက်ဖို့ဆိုရင်
လက်ရှိအခြေအနေအတိုင်း
ဆက်သွားလို့မရဘဲ အပြောင်းအလဲတခုခုတော့ ဖြစ်ဖို့လိုတယ်ဆိုတာကိုလည်း
ထောက်ပြကြပါတယ်။