သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေးခွန်းထုတ်စရာ ဖမ်းဆီးမှု


ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဖမ်းဆီးတရားစွဲဆိုလိုက်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံအရေး ကမ္ဘာ့သတင်းမီဒီယာများမှာ ထိပ်တန်းသတင်းဖြစ်လာခဲ့ပါတယ်။ ဒီအရေးအမှုမှာ ကျူးကျော်ဝင်ရောက်ခြင်းခံရတဲ့သူကို တရားစွဲပြီးတော့ လုံခြုံရေးလစ်ဟင်းသူတွေကိုတော့ အရေးယူခြင်းမရှိသေးပါ။ တချိန်တည်းမှာ အစောပိုင်းကာလ ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝန်ထဲကို တိတ်တဆိတ် လျှို့ဝှက်ကျူးကျော်ဝင်ရောက်ခဲ့သူ John William Yettaw ကို စစ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးခဲ့တာ စစ်အစိုးရကိုယ်တိုင် ဒီအမှုကိုဖြစ်စေချင်လို့ အကွက်ဆင်တာလား၊ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ကြားက ရေကူးပြီးတော့ ဒေါ်အောင်ဆန်းစုရဲ့ အိမ်ခြံဝန်ထဲကို အလွယ်ဝင်ရောက်သွားနိုင်ခဲ့တာ လုံခြုံရေးအစောင့်တပ်တွေက တမင်ဖွင့်ပေးခဲ့တာလား၊ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း ကို ဘာကြောင့် ဖမ်းဆီးခဲ့သလဲ၊ စစ်အစိုးရက အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်ကို တုံ့ပြန်လုပ်ဆောင်ချက်လား၊ ဒီလုပ်ဆောင်မှုမှ စစ်အစိုးရအနေနဲ့ ဘယ်လိုနိုင်ငံရေးအကျိုးအမြတ် ရရှိနိုင်သလဲ စတဲ့ မြောက်မြားစွာသော မေးခွန်းထုတ်စရာ မေးခွန်းများစွာ ရှိနေပါတယ်။ ဒီမေးခွန်းတွေကို သိနိုင်ဖို့ အန်အယ်လ်ဒီပါတီ ဥပဒေအကျိုးဆောင် ရှေ့နေဦးအောင်သိန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) နဲ့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်နေသူ ဦးအောင်သူငြိမ်း တို့ကို ဦးကျော်ဇံသာ (ဗွီအိုအေ) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG