သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း မြန်မာနိုင်ငံကို အမြန်ဆုံးသွားလို


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Ban Ki-moon) က
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက်
မြန်မာစစ်အစိုးရကို တိုက်တွန်းဖို့ မကြာခင်အနာဂတ်မှာ မြန်မာနိုင်ငံကို သွားရောက်
နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။

မနေ့က စီအန်အန်သတင်းနဲ့ အင်တာဗျူးလုပ်ရာမှာ မစ္စတာဘန်ကီမွန်းက သူ့ခရီးစဉ်
အတွက် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတုန်းရှိသေးတယ်၊ သူ့အနေနဲ့ကတော့
ဖြစ်နိုင်ရင် အမြန်ဆုံးသွားချင်တယ်လို့ ပြောခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ
ဟာ လက်ခံနိုင်ဖွယ်မရှိဘူး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ
ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရတယ်လို့ မစ္စတာဘန်က
ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာရှိနေပြီး ကုလသမဂ္ဂအနေနဲ့
လည်း မြန်မာပြည်ရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောခဲ့တာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG